"ဟင့်အင်း ကြည့်လိုက်တာနဲ့လုံး၀အဖြောင့်မှန်းသိသာတယ် ငါသာသွားပြောရင် အထိုးခံရလောက်တယ် "

"ဒါဆို ဟို့တစ်ယောက်ကော ခေတ်ဆန်ဆန်လေး၀တ်ထားတာ ရုပ်ကမဆိုးပါဘူး သူကတော့မင်းကိုကြည့်နေတာ "

"နေပါ ရုပ်ကြည့်တာနဲ့ ကြက်သီးထတယ် "

"ဟိုတစ်ယောက် "

"ဟင့်အင်း ပေါ့ပျက်ပျက်နိုင်တယ် "

"အနက်ရောင်နဲ့ကောင်လေး "

"ဟယ်...သူ့ကြည့်ရတာ အသက်မပြည့်သေးပုံဘဲ ငါရဲတိုင်သင့်လား "

"အဲ့ဆို ဟိုတံခါးနားက အကိုကြီးကော "

"မိန်းမရှိမဲ့ပုံဘဲ ခိုးကြောင်ခိုးဝှက်နဲ့ "

မင်းခန့် လက်ညှိုးထိုးပြတဲ့သူတိုင်းကို မိုးငြင်းနေတော့ မင်းခန့်လည်း စိတ်မရှည်နိုင်တော့ဘဲ ပေါက်ကွဲလာမိသည်။

"မင်းဟာကလည်း ဟိုတစ်ယောက်လည်းမဟုတ် ဒီတစ်ယောက်လည်းမဟုတ်နဲ့ကွာ"

"မင်းပြတဲ့သူတွေက အဆင်မှမပြေတာ "

"ငါပြတာအဆင်မပြေတာမဟုတ်ဘူး မင်းစိတ်ထဲမှာ ကိုခန့်ထားကဘဲအဆင်ပြေဆုံးဖြစ်နေတာ "

ခန့်ထားဆိုတဲ့ နာမည်ကိုပြန်ကြားလိုက်ရတော့ မိုးငြိမ်ကျသွားခဲ့၏။မင်းခန့်လည်း မပြောသင့်တဲ့နာမည်ကိုထုတ်ပြောခဲ့မိတဲ့သူ့ပါးစပ်အား ပြန်လည်ဆုံးမနေခဲ့သည်။

"တောင်းပန်ပါတယ်မိုး ငါသူ့နာမည်ထုတ်မပြောသင့်ဘူး "

"ရပါတယ် "

ခွမ်း**

ပုလင်းကွဲသံကျယ်ကြီးကြောင့် အဆောက်အဦးအတွင်းရှိ လူများအားလုံး၏အကြည့်သည်ထိုနေရာသို့ကျရောက်သွားခဲ့သည်။မိုးနှင့်မင်းခန့်လည်း အပါအ၀င်ပင်ဖြစ်၏။

"ငါ့ကောင်မလေးကိုလာထိချင်အုံးကွာ "

"ဟား...မင်းကောင်မလေးကိုသေချာအရင်မေးလိုက်ပါအုံး ဘယ်သူကအရင်လာထိတာလဲလို့ "

"မင်း "

အကြိတ်အနယ်ထိုးကြိတ်နေကြသည့် ရန်ပွဲကြောင့် မိုး ထိတ်လန့်သွားရသည်။

Change For You( သူ့အတွက်သာလျှင်~သူ့အတွက်သာလျှင်)Where stories live. Discover now