' သူတို့ဘာသာချစ်ရည်လူးနေတာကို ဘာလို့မင်းက vd ရိုက်လာတာလဲ '

[ တစ်ချိန်အသုံးဝင်အောင်လေ ]

' ဘယ်နေရာအသုံးရင်မှာမလို့လဲ '

ဆဲဗင်းလေးတော့ ငိုချင်နေပါပြီနော်။ host ကအခုထိဇာတ်လမ်းကို နားမလည်သေးဘူးလား။

[ host ကိုလေ ပိန်းတယ်လိုပြောရင် မြှောက်ပြောတယ်ထင်ပြီး ဘဝင်မြင့်ဦးမယ် ဇာတ်ကြောင်းကိုပြန်ဖတ်တာဖြစ်ဖြစ် မူလကိုယ်ရဲ့မှတ်ဥာဏ်တွေကိုသေသေချာပြန်စစ်တာဖြစ်ဖြစ် လုပ်ပါဦး ]

သူပြောလိုက်တော့  host ကကုတင်ကို နောကာမှိထားပြီး မျက်လုံးကလေးကိုမှိတ်ကာ

' အမ်း မူလကိုယ်က လူအေးလူရိုးတစ်ယောက်ကွ အနုပညာကိုလဲဝါသနာပါတယ် မထင်မှတ်ထားပဲ အိမ်ထောင်ပြုလိုက်ရေပေမဲ့ သူ့ဘက်ကတာဝန်ကျေတယ် ဘယ်လိုပဲယောင်္ကျားလေးဖြစ်နေပါစေ အိမ်မှုကိစ္စတွေသူတက်နိုင်သလောက်လုပ်တယ် တစ်ခါတစ်လေ တစ်ဦးတည်းသောသူငယ်ချင်းနဲ့ အပြင်မှာတွေ့ကြတယ် ဒါပါပဲ "

[ အဲ့အပြင်မှာတွေ့တော့ ဘာအကြာင်းတွေပြောဖြစ်ကြလဲ ]

' ဘာအကြောင်းတွေလဲဆိုတော့ မူလကိုယ်က သူ့ရဲ့အိမ်ထောင်ရေးအကြောင်းပဲအများဆုံးပြောဖြစ်ကြပါတယ် Rain ကတော့ သူ့ကိုနှစ်သိမ့်.. ဟမ်နေပါဦး roseက မူလကိုယ်ရဲ့ သူ့ယောင်္ကျားကြားကို စကားနာထိုးနေတာပဲ။ သူပြောတဲ့စကားတွေက မူလကိုယ်ကိုလုံးဝ ထိုးနှက်နေတာချည်းပဲ သူက လိင်တူချစ်တာကိုဆန့်ကျင်သူလားဘာလား မမြင်ချင်မျက်လုံးမှိတ်ထားပါလား အလကား သူများတကာကို စိတ်ဒါဏ်ရာတွေလာပေးနေတယ် '

[ ဪ သိသွားပြီလား နည်းနည်းလေးဖြစ်ဖြစ် ဇာတ်ကြောင်းနဲ့ ဆက်စပ်ပြီးတွေးကြည််ပါဦး ဒီထက်ပိုပြီးသိရအောင် ]
ဆဲဗင်းက သူ့ host အားအမြင်ကပ်၍  ရွဲ့ပြောလိုက်သော်လဲ သူ့ host ကတကယ်ကြီးထင်ကာ ဆက်ပြီးအတွေးနယ်ချဲ့နေလေရဲ့။

' မင်းပြာချင်တာက မူလကိုယ်သေတာက မတော်တဆ မဟုတ်ဘူးပေါ့ လုပ်ကြံခံရတာပေါ့ '

[ That right ]

' ပြီးတော့ လုပ်ကြံတဲ့သူက သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း  rain '

ဗီလိန်အားကယ်တင်ခြင်း  ( System  )Where stories live. Discover now