Bloody Love part- 55🖤

Start from the beginning
                                    

ဘာမှမပြောရသေးခင်မှာဘဲ နှင်ထုတ်ခံနေရတာကြောင့် ရောင်ခြည်သိပ်တော့မကြိုက်။ သူက သက်သက်နောက်နေတာကိုလဲ အရှေ့က ဟာမကြီးက သိမည်မထင်။

"အရင်ကအတိုင်းဘဲ။ နောက်နေတာ နင့်ကို အဲ့လိုမခေါ်ချင်ပါဘူး အူပွလို့"

"မခေါ်နဲ့ လစ်"

ရောင်ခြည် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

"အပေးအယူ လုပ်မလို့"

ထိုသို့ပြောမှသာ ကလျာက သူမဘက်ကို လှည့်ကြည့်သည်။ အရင်ကအတိုင်း အလုပ်သရဲပင်။

"ဘာ အပေးအယူ"

"အရင်ထိုင် ငါပြောမယ်"

ကလျာလဲ ဆံပင်ကို ဖွကာ အောင့်အီးပြီး ထိုင်လိုက်သည်။ တကယ်ဆို ထိုကောင်မ ကြည့်လို့ကို မရချေ။ အလုပ်ထွက်သွားတဲ့ နောက်နေ့ကြ မဟုတ်တဲ့ ဟာတွေလာပို့တာကြောင့် ကလျာ ထိုနေ့က ခေါင်းမီးတောက်ခဲ့ရသေးသည်။

"ပြော! မြန်မြန် ဒါပြီးရင် ပြည့်စုံနောက်လိုက်ရအုံးမယ်"

"နင့်ရဲ့ နောက်ထပ် ဇယားလား"

"လျှာမရှည်နဲ့ မြန်မြန်ပြော!"

ကလျာ တစပြီးတစ ဒေါသထွက်လာတာကြောင့် အသံတွေပါ ကျယ်လာတော့သည်။

"ဟူး အိုခေအိုခေ။ ငါနင့်အကြောင်း တစွန်းတစကြားထားတယ်။ "

"ဘာ! နင် ငါ့ကို နောက်ယောင်ခံနေတာလား!"

ရုတ်တရက် ​ကြားလိုက်ရတာကြောင့် ကလျာ ဒေါသထွက်သွားရသည်။ သူ့အကြောင်းကို နောက်ယောင်ခံ စုံစမ်းနေတယ်တဲ့လား။

"ဟေ့ ဟေ့...ငါက အဲ့လိုဆိုလိုချင်တာမဟုတ်ဘူး။ ကျစ် ဒီလိုဟာ..... နင် အခုOmegaတစ်ယောက်ကို စွဲလမ်းနေတယ်ဆို"

"အဲ့​တာ ငါ့စောက်ကြောင်း"

"ထားတော့.... သူက နင့်ရှေ့မှာ တခြားAlphaနဲ့ ရယ်သွေးနှောပြီး အရွဲ့တိုက်ခဲ့တာမလား။ အဲ့တော့ နင်လဲ တခြားOmegaနဲ့ သူ့ရှေ့မှာ ဟန်ဆောင်တွဲလိုက်ပေါ့"

ခွန်းရောင်ခြည်၏ စကားကြောင့် ကလျာတိတ်ဆိတ်သွားရသည်။ ဟန်ဖြိုးတေဇက နိုင်ငံခြားမှာ ဆိုပေမယ့် အနောင်နဲ့ ဆက်သွယ်ရှိရင် ရှိနိုင်သည်။ ဒါပေမယ့် ဟန်ဖြိုးတေဇကို နောက်ယောင်ခံနေတာကြောင့် ထိုအရာသည် အမှန်မဖြစ်ပေ။ ဘာကြောင့်ဆို ဟန်ဖြိုးတေဇက တခြား Mateတစ်ယောက် ရှာနေသည်ဟု No.2 & No.3တို့ သတင်းရထားတာကြောင့် ဖြစ်သည်။

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now