အပိုင်း-၁၃

Začít od začátku
                                    

ထိုစကား​ကြောင့် Cheol က Jeonghan မျက်ခုံး​မွှေး​လေးကို ညင်သာစွာ ထိ​တွေ့​ပေး​နေသည်။ Cheol ရဲ့ လက်ဖဝါး​နေရာ​လေးကို Jeonghan တစ်ချက်ဖိနမ်းလိုက်သည်။ Cheol နှုတ်ကလည်း ဖွ​တေး၊ ဖွ​တေး ဟု အဆက်မပြတ် ရွတ်​နေသည်။ နူးညံ့လှတဲ့ Cheol အပြုအမူ​တွေကို သူခံယူ​နေရတိုင်း မြတ်နိုးခြင်းထုထည်က အဆ​ပေါင်းများစွာ ကြီးထွားလာတယ်။ မျက်ခုံး​မွှေးဆီ ရစ်ပတ်ခြယ်လှယ်​နေတဲ့ လက်​ချောင်း​တွေက Jeonghan ပါးကို အုပ်ကိုင်လိုက်ရင်း

"ငါ့ကိုကြည့်အုံး"

Cheol ရင်ခွင်ထဲ ပက်လက်အိပ်​နေတဲ့ Jeonghan ကို​ မျက်နှာချင်းဆိုင်​စေပြီး

"နမ်းအုံး"

သူ့နှုတ်ခမ်းသူ လက်ညိုးထိုးပြ​နေသည်က ချစ်စဖွယ်။ Jeonghan ခပ်ဖွဖွသာ နမ်းလိုက်ပြီး

"အ​မေဝင်လာရင် ပြဿနာတက်မယ် Cheol။ ငါ့အိပ်ခန်းထဲထိ​တော့ မင်းအတင့်လာမရဲနဲ့"

"အဲ့ဆို ငါ့အိမ်သွားမယ်"

"​တော်ပါ"

Cheol ကရယ်လိုက်ပြီး Jeonghan ကို တင်း​နေ​အောင် ဖက်ထားတယ်။ အလွှတ်မ​ပေးချင်မိတဲ့အထိ သူ့​လောဘ​တွေက အ​တောမသတ်နိုင်။ Jeonghan နဲ့ပတ်သတ်ရင် လူဆိုး​လေးလိုပဲ ​နေထိုင်ချင်​တော့တယ်။ သူ့အရာရာတိုင်းကို အလိုလိုက်​ပေးတဲ့ Jeonghan ကြောင့်လည်း ထိန်းချုပ်မရစွာ ​မိုက်ရူးရဲ​နေမိတာ။ Jeonghan ဖိနှိပ်လွှမ်းမိုးထားတဲ့ ချစ်ခြင်း​ဝင်္ကပါဟာ သိပ်ကို ခမ်းနားလွန်းပါတယ်​လေ။ 24 7 စိတ်ကို စိုးမိုးနေလွန်းသူက Jeonghan ပါ။ သူ့သံသရာထဲမှာ Jeonghan မှာလှပနေတော့မှာ...။

တောင်~

Jeonghan ဖုန်းကနေ စာတစ်စောင်ဝင်လာတော့ Cheol ကတစ်ချက် လှမ်းကြည့်လိုက်သည်။ Jeonghan က Mingyu ဆီကဟုပြောတော့ ပြုံးကာ ခေါင်းညိတ်ပြရင်း ခါးကိုလှမ်းဖက်သည်။

Mingyu ပြောထားသည်က

"မနက်ဖြန် Wonnu မွေးနေ့၊ ပါတီလုပ်မလို့ *&#^%&983"

နောက်ကမှားရေးမိတဲ့ စာတွေကြောင့် Jeonghan ကြောင်မိသည်။ ဘာလဲဟ ဟုနှုတ်ကထွက်မိတော့ Cheol စိတ်ဝင်စားသွားကာ ‌စာကိုလှမ်းဖတ်သည်။ ထို့နောက် 

"မင်းသူငယ်ချင်းတွေက ဒါကောင်းတဲ့ကောင်ကော ပါရဲ့လား"

နားထင်ကို လက်ညိုးဖြင့်ထိုးပြကာ Jeonghan ကိုမေးမိသည်။ Jeonghan မျက်မှောင်ကျုံ့၍ Cheol ကိုကြည့်လိုက်ကာ ပေါင်ကိုတစ်ချက်ရိုက်လိုက်သည်။ Mingyu ကို ဘာလဲ ဟုစာပြန်ပို့လိုက်သည်။ သိပ်မကြာလိုက်၊ Mingyu စီက စာတစ်စောင်ထပ်ပို့လာသည်။

"အဟဲ ဘေးမှာ Wonnu လေးလိုက်နှောင့်နေလို့၊ စာမှားရိုက်မိတာ ဆော်ရီးသားရီးရေ"

Jeonghan ပြုံးမိကာ အိုခေလေ ဟုပြန်ပို့လိုက်သည်။ Mingyu တောင် Wonwoo ဆီက အဖြေရပြီလားဟုတွေးမိတော့ ဘာမဆိုင် ညာမဆိုင် Jisoo ကိုသနားသွားမိသည်။ ငဒူကိုမှ သဘောကျမိနေတဲ့ Jisoo အဆင်မှပြေပါ့မလား ဟု သူတွေးမိသည်။ Jisoo နဲ့ Seokmin ကြား မြှားနတ်မောင်အဖြစ် ဝင်လုပ်ချင်ပေမဲ့ ဘေးက ဆံဖြူကောင် အထင်လွဲမှာလည်း စိုးရသည်။ ထို့ကြောင့် လက်မောင်းကို တွဲချိတ်လိုက်ပြီး

"Cheol"

ဂိမ်းဆက်ဆော့နေသည့်သူက တစ်ချက်ငဲ့ကြည့်လာသည်။

"ဖုန်းခဏချ၊ ပြောစရာရှိ"

"ပြော အချစ်"

တစ်သဝေမတိမ်းလိုက်နာသည့် Cheol က ဖုန်းကိုပိတ်လိုက်ပြီး Jeonghan ကိုချိုမြိန်စွာကြည့်လာသည်။

"DANCIN' On to Your Heartbeat"Kde žijí příběhy. Začni objevovat