"ဘာလို့အဲ့ဒါကိုတူတူမြှပ်ထားတာလဲ?"

ချီရုဝမ်ကိုကြည့်ပြီးမေးလိုက်ပေမဲ့ချက်ချင်းခေါင်းခါလိုက်ပြီးတီးတိုးပြောလိုက်သည်။

"မေ့လိုက်တော့ မှတ်ဥာဏ်တွေမရှိမှတော့ဘယ်မှတ်မိပါ့မလဲ ဒါပေမဲ့ရှင်ကအစွဲအလန်းကြီးတာပဲ အကုန်မေ့သွားတာတောင် ဒါကိုယူဖို့တွေးမိသေးတယ် ရှင့်အတွက်အရမ်းတန်ဖိုးရှိတဲ့ပုံပဲ"

ချိရုဝမ်ကမျက်နှာဖုံးကိုတင်းတင်းဆုပ်ကိုင်ထားပြီးတိတ်ဆိတ်နေသည်။

ကျိနင်းအဲ့ဒါကိုချက်ချင်းမှတ်မိသွားသည်။၎င်းကိုသူဆယ်နှစ်တောင်ဝတ်ခဲ့တာဖြစ်သည်။

—----------------------------------------------------------------------------------------------------------------------------

ချီရုဝမ်ရဲ့ကမ္ဘာမှာကျိနင်းကဝူရှန်းနယ်မြေကနတ်ဘုရား၏သားတော်ဖြစ်သည်။ဝူရှန်းနှင့်ရှတိုင်းပြည်ကမဟာမိတ်တွေဖြစ်သည်။ရှတိုင်းပြည်စီကိုဆယ်နှစ်တစ်ခါနတ်ဘုရားသားတော်နှင့်သမီးတော်ကိုပို့ဆောင်ပေးရသည်။သားတော်ဟာကောင်းကင်ဘုံရဲ့ကံကြမ္မာကိုတွက်ချက်နိုင်ပြီးသမီးတော်ကအသက်ရှည်ဆေးကိုပြုလုပ်နိုင်သည်။

နန်းတော်ရှိနေပေမဲ့လူတွေဟာသမီးတော်ရဲ့အသက်ရှည်ဆေးကတကယ်ပဲသက်တမ်းကိုရှည်လျားစေနိုင်ပြီးသားတော်ဖြစ်သည့်ကျိနင်းကတော့အနာဂတ်ကိုခန့်မှန်းနိုင်သည်ဟုယုံကြည်ကြသည်။

သူနှင့်သမီးတော်ဟာဧကရာဇ်နန်းတော်မှာဧည့်သည်အဖြစ်ရောအကျဥ်းသားအဖြစ်ပါနှစ်များစွာနေထိုင်ခဲ့ရသည်။

သူတို့နှစ်ယောက်ဟာဧကရာဇ်ပြီးရင်နန်းတော်အတွင်းရာထူးအကြီးဆုံးသူများဖြစ်သည်။သူတို့ပါးစပ်ဖွင့်လိုက်သည်နှင့်ဧကရာဇ်ကလိုချင်တာအကုန်ဖြည့်စည်းပေမှာဖြစ်ပြီးအပြန်အလှန်အနေနှင့်နန်းတော်ကနေခြေတစ်လှမ်းတောင်ထွက်ခွင့်မရှိပေ။ဒီဘဝမှာတော့ရှဧကရာဇ်ကိုပဲခစားရမှာဖြစ်သည်။

ဧကရာဇ်ကသူတို့ကိုမတားဖြစ်ရင်တောင်မှထွက်ပြေးနိုင်သည့်စွမ်းရည်မရှိပေ။သူတို့ကနတ်ဘုရားတွေရဲ့လျှို့ဝှက်ချက်ကိုခိုးယူခဲ့ပြီးယင်နှင့်ယန်၏သဘာဝကိုချိုးဖောက်ခဲ့တာကြောင့်သူတို့ရဲ့ခန္ဓာကိုယ်ဟာလမ်းမလျှောက်နိုင်လောက်တဲ့အထိအားနည်းကြသည်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now