Part 1

818 51 0
                                    

"ချောလ်ဆူ ရွှံ့တွေနဲ့ဆော့နေပြန်ပြီလား...Papaဘာမှာထားလဲ ရွှံ့တွေမှာရောဂါပိုးတွေရှိတယ် ခဏခဏဆော့ရင် သားနေမကောင်းဖြစ်လိမ့်မယ် ဘယ်လောက်ပြောပြောမမှတ်ထားဘူးနော် ဘယ်သူနဲ့တူလို့လဲ...ဟမ်"

"Daddyနဲ့တူလို့ ဟီးဟီး..."

လေးနှစ်အရွယ်ချောလ်ဆူက ဉာဏ်ကောင်းပြီး လိမ္မာရေးခြားရှိသလို မလုပ်နဲ့ဆိုရအောင်လုပ်တဲ့အကျင့်ကလေးလဲရှိတယ်။ ဘာလုပ်လုပ်ချစ်ဖို့ကောင်းနေတော့ သူ့မှာ မရိုက်ရက် မဆူရက်။အခုလဲ တဟီးဟီးရယ်ပြပြီး မျက်နှာချိုသွေးနေတဲ့ပေါက်စက တကယ့်ကိုချစ်မွှေးလေး...

"ဒေါက်တာလေး ဒေါက်တာလေး သခင်ကြီး ဒီညနေပြန်ရောက်မယ်လို့ ဖုန်းဆက်လာပါတယ်..."

"Yayy....Daddyပြန်လာပြီ ပျော်စရာကြီး "

အိမ်တော်ထိန်းကြီးစကားဆုံးတာနဲ့ ထခုန်သော ပေါက်စ....
ဟိုကဖြင့်သူ့ကိုတော်တော်ချစ်ရှာတာကိုး....သတိရရင်တောင် ကံကောင်း..

"ကြားတယ်နော် သခင်လေး အတိုင်မခံချင်ရင် Papaစကားနားထောင်ရမယ် မဟုတ်ရင် မင်းDaddyကိုတုတ်ကြီးကြီးနဲ့ရိုက်ခိုင်းမှာနော်"

"အား....Papa သားကိုအနိုင်ကျင့်တယ်
အကျင့်ပုတ်"

ဆောင်းဟွန်းတစ်ယောက် ဆူပုတ်ပုတ်မျက်နှာပေးလေးနဲ့အော်ဟစ်နေတဲ့ရွှံ့မင်းသားလေးချောလ်ဆူကိုကောက်ပွေ့လိုက်ရင်း ရေချိုးခန်းကိုပြေးရပါတော့တယ်....

*****************************

"အိမ်မှာအခြေအနေ ဘယ်လိုရှိလဲ ဂျွန်"

"အားလုံးအဆင်ပြေပါတယ် သခင်ကြီး "

"ဟိုနှစ်ယောက်ကော ဘာတွေမွှေထားသေးလဲ"

"ဒီရက်ထဲ သခင်လေးက နေကောင်းခါစမို့ ဒေါက်တာက သေချာဂရုစိုက်ပေးနေပါတယ်"

အိမ်တော်ထဲရောက်လာတာနဲ့ ခြံထဲမှာ အလုပ်သမားတွေနဲ့ရယ်ရယ်မောမောစကားပြောနေတဲ့ ဆောင်းဟွန်းကိုတွေ့လိုက်ရတယ်...

ကားသံကြားလို့ လှည့်ကြည့်လာကာ
သူ့ကိုတွေ့တာနဲ့ မျက်နှာချက်ချင်း
တည်သွားပြီး အကြည့်လွှဲသွားသည် ...

MIXED COLORSWhere stories live. Discover now