Final

1.4K 145 84
                                    

ချွမ်းရွေ့ရဲ့ စိတ်အခြေအနေက တနေ့တခြား ပိုပိုဆိုးလာတယ်။

ငွေအလွဲသုံးစားမှုကြောင့် ခရီးထွက်သွားတဲ့ ကိုကိုက ချွမ်းရွေ့ကို တစ်ရက်ပဲလို့ပြောသွားပြီး တစ်ပတ်ကြာတာတောင် ပြန်မလာခဲ့ဘူး။ သူထင်နေတာတွေဖြစ်မလာပဲ ကိုကိုက သူ့ဆီ ပြန်တော့လာမှာပါနော်။

"ရှန်ချွမ်းရွေ့ ဝင်လို့ရပါပြီ"

သူနာပြုလေးတစ်ယောက်ရဲ့ အသံကြားမှပဲ ချွမ်းရွေ့က အတွေးတွေလက်စသတ်ကာ အခန်းထဲဝင်လာခဲ့လိုက်တော့သည်။

"အိပ်မရတာ ဘယ်လောက်ကြာပြီလဲ"

"တရေးနိုးပြီးပြန်အိပ်မရ‌တာတော့ လချီနေပြီ။ ဒါပေမယ့် အခုရက်ပိုင်းမှာတော့ ဘယ်လိုမှကို အိပ်မရဘူး။ အတွေးတွေကလည်း ထိန်းမရဘူး"

ညတိုင်းအိပ်မက်ဆိုးတွေနဲ့ လန့်နိုးနေရတဲ့ အချိန်တွေက ဆက်တိုက်ဖြစ်လာပြီး အိပ်မရတာတွေကပိုဆိုးလာတာမို့ ချွမ်းရွေ့က ဆေးအကူအညီကို မယူပဲနေလို့မရတော့။ တကယ်လို့ ကိုကိုက သိသွားရင်လည်း စိတ်ပူမှာစိုးတာကြောင့် ချွမ်းရွေ့က တိတ်တိတ်လေးကြိတ်ကုနေခဲ့တယ်။

"ဆရာပေးတဲ့ဆေးတွေကို မှန်မှန်သောက်ပါ။အရေးကြီးဆုံးက မဟုတ်တာတွေလျှောက်မတွေးဖို့ပဲ။ အတွေးတွေများနေရင် ဆေးကလည်း တိုးမှာမဟုတ်ဘူး"

"ဟုတ်ကဲ့ပါဆရာ"

သူ့ရှေ့မှာထိုင်နေတဲ့ ကောင်လေးရဲ့ ကိုယ်ရေးအချက်အလက်တွေကိုကြည့်ရင်း သက်ပြင်းချလိုက်မိတယ်။ အခုမှ အသက် ၂၀ တောင်မပြည့်သေးတဲ့ လူငယ်တစ်ယောက်က ဘာအကြောင်းတွေကြောင့်များ စိတ်က အခုလောက်ထိပျက်စီးနေရတာလဲ။ စိတ်ကျရောဂါလို့အမည်တပ်လို့မရသေးပေမယ့် ဒီထက်အခြေအနေဆိုးလာရင် ဆေးနဲ့တောင် ကုလို့ရတော့မှာမဟုတ်ဘူး။
သူဆီပထမဆုံးလာပြတုံးကပုံစံထက် အခုပုံစံက တော်တော်ကြီးကို အခြေအနေဆိုးနေခဲ့တယ်။

"နောက်တစ်ခါဆေးရုံလာရင် မင်းမိဘတွေကို ခေါ်လာခဲ့။ ဆရာ သူတို့နဲ့ ဆွေးနွေးချင်တယ် "

"ကျွန်တော့်မှာ ကိုကိုကလွဲပြီး ဘယ်သူမှမရှိတော့ဘူး ဆရာ"

"ကိုကို ဆိုတာ အစ်ကိုလား ။ ဘယ်သူပဲဖြစ်ဖြစ် ခေါ်လာခဲ့ပါ။ မင်းအခြေအနေက ဆွေးနွေးမှရတော့မယ်"

If We Meet Again Where stories live. Discover now