Part - 13

816 116 87
                                    

"ရှန်ရှန် ကျောင်းအသစ်မှာအဆင်ပြေရဲ့လား။စာတွေရော လိုက်နိုင်လား"

"အရမ်းအဆင်ပြေတယ်။သူငယ်ချင်းတွေလည်းရနေပြီ ကိုကို"

ချွမ်းရွေ့ရဲ့ ပြုံးရွှင်ရွှင်မျက်နှာလေးကိုမြင်မှ ဂျီအွန်းဟာ စိတ်ချသွားရတယ်။ ဒီရက်ပိုင်းမှာ အလုပ်တွေတအားများနေတော့ သူ့အိမ်သားလေးကိုတောင် ဂရုမစိုက်မိဘူးလေ။

အိမ်ထောင်သက် ၂ လအတွင်း ဂျီအွန်းဟာ ချွမ်းရွေ့ကို လိုလေသေးမရှိအောင် ပြုစုယုယခဲ့တယ်။ မိဘအိမ်ကနှစ်ယောက်လုံးစွန့်ခွာခဲ့ပြီး ဘဝကို တစ်ကနေပြန်စတဲ့အချိန်မို့ ဂျီအွန်းဟာ ရှန်ရှန်ကို သူ့မိဘတွေထားသလောက် ပြည့်ပြည့်စုံစုံမထားနိုင်သေးပေမယ့် လစ်ဟင်းမှုမရှိအောင်တော့ ဂရုစိုက်တယ်။

"ရှန်ရှန် ၊ စာလုပ်နေရင်းနဲ့ ဘာစားမလဲ။ ကိုကို ဘာလုပ်ပေးရမလဲ "

"လမ်းထိပ်ကဆိုင်က ကိတ်မုန့်စားချင်တာ။ ခရင်တွေအများကြီးနဲ့လေ ။ စတော်ဘယ်ရီသီးလေးတောင်ပါသေးတယ်"

"အင်း။ ကိုကို သွားဝယ်ပေးမယ်နော်"

စာရေးစားပွဲမှာထိုင်နေတဲ့ အချစ်ကလေးကို အနောက်ကနေ သိုင်းဖက်လိုက်တော့ နှာခေါင်းထဲတိုးဝင်လာတဲ့ နို့နဲ့စတော်ဘယ်ရီရောနေတဲ့ ရှန်ပူနံ့လေး။

ဂျီအွန်းရဲ့ ကောင်လေးဟာ  စတော်ဘယ်ရီကို သိပ်ကြိုက်တာမို့ တခါတလေ ဂျီအွန်းဟာ စတော်ဘယ်ရီတွေနဲ့တောင် သဝန်တိုရသေးသည်။ ပိုတယ်၊ကဲတယ်လို့ ထင်နိုင်ပေမယ့် ဂျီအွန်းကတော့ ချွမ်းရွေ့နဲ့ ပတ်သတ်ရင် မျက်နှာသေးသေးလေးပေါ် ဝဲကျနေတဲ့ ဆံစလေးတွေကအစ မနာလိုရတယ်။

အနီးကပ်မြင်နေရတဲ့ ပါးအိအိလေးကို နမ်းလိုက်တော့ နားရွက်ဖျားတွေနီရဲသွားတာကို အတိုင်းသားမြင်လိုက်ရတယ်။

"ကိုကို့ကလေးလေးက ဒီရက်ပိုင်း ပြည့်လာတယ်။
ရှန်ဟိုင်းကပြန်ရောက်လာခါစတုံးက တအားပိန်ကျသွားလို့ ကိုကိုဘယ်လောက်စိတ်ပူခဲ့ရလဲ "

"ဝလာတာလား "

"ဒီခန္ဓာကိုယ်လေးက ဘာကိုဝတာလဲ။ ကိုကို ပြောတာ ဒီပါးလေးတွေကိုပြောတာ။ ပါးလေးတွေဖောင်းလာတာများ ပူတင်းလေးကျလို့ "

If We Meet Again Where stories live. Discover now