Part - 10

889 115 45
                                    

// ကိုကို့ ကိုချစ်လို့ သူက ကိုကို နဲ့ အတူတူရှိချင်ရုံလေးပါ။ ဘာလို့များ မာမားတို့က လက်မခံနိုင်ရတာလဲ //

"အင်းးး ကိုကို "

"ကိုကို ရှိတယ်နော်။ အိပ် _ အိပ် ၊ ကျွတ်စ် ကျွတ်စ်~~"

ချွမ်းရွေ့ဟာ ကုတင်ပေါ်မှာအိပ်နေရင်း ညည်းညူလာတာမို့ ဂျီအွန်းဟာ ခေါင်းလေးကိုပွတ်သပ်ရင်း ပြန်အိပ်ပျော်သွားအောင် လုပ်ပေးရတယ်။ သိပ်နုနယ်လွန်းတဲ့ သူ့ကလေးဟာ မနေ့က အမေနဲ့ဖြစ်တဲ့ ပြဿနာတွေကြောင့် ဖျားသွားတာမို့ ဂျီအွန်းဟာ အနားကနေ မခွာပဲ ဂရုစိုက်နေရတာဖြစ်တယ်။

ဂျီအွန်းဟာ ပြဿနာတွေဖြစ်မလာခင်ထဲက တချို့အရာတွေကို ကြိုတင်စီစဉ်ခဲ့ပြီးဖြစ်တယ်။  ရှန်ရှန် နဲ့ သူ့ရဲ့ဘဝဟာ ထင်သလောက်မလွယ်ကူမှန်းအစထဲက သိနေပြီးသားမို့ ဂျီအွန်းဟာ အမေတို့မသိအောင် အိမ်ကို တိတ်တိတ်လေးကြိတ်ဝယ်ထားခဲ့တယ်။

ချစ်တယ်ဆိုတဲ့ ခံစားချက်လေးတစ်ခုတည်းနဲ့ ဂျီအွန်းက ရှေ့ဆက်ခဲ့တာမဟုတ်ဘူး။ ရှန်ရှန် ကို စချစ်မိပြီဆိုထဲက ဂျီအွန်းဟာ အစစအရာရာအကုန်ပြင်ဆင်ပြီးသားဖြစ်တယ်။ ရှန်ရှန်က ကလေးမို့ ဖြစ်လာမယ့်ပြဿနာတွေကိုလည်း တွေးနိုင်ဦးမှာမဟုတ်သလို အပူတွေကိုလည်း ဂျီအွန်းက မတွေးခိုင်းရက်ဘူး။

"ကိုကို"

"အိပ်ဦးလေ ရှန်ရှန် ရဲ့ ။ အိပ်ရေးဝမှ အားပြည့်မှာပေါ့"

"မအိပ်ချင်တော့ဘူး။ ဗိုက်ဆာတယ် ကိုကို "

"ကိုကို ဆန်ပြုတ်ပြုတ်ထားတယ်။အဲ့တာလေးစားလိုက်နော်။ ပြီးရင် ဆေးသောက်ရမယ်"

"ကိုကို ၊ အိပ်မက်ထဲ မာမားကို မက်တယ်။ မာမားက ရှန်ရှန်ကို ဆူနေတာ။ရိုက်လည်းရိုက်တယ် "

နေမကောင်းဖြစ်နေတာမို့ ကလေးလေးက တရုတ်မှာကျန်ခဲ့တဲ့ အမေ ကို လွမ်းနေတာထင်ပါရဲ့ ။ အိပ်မက်ထဲတောင် ထည့်မက်နေတာမို့ သူ့ချစ်သူလေးက တအားဝမ်းနည်းနေတာဖြစ်မယ်။

မျက်ရည်လေးဝဲကာ ဂျီအွန်းရင်ခွင်ထဲတိုးဝင်လာတာမို့ အလိုက်သင့်လေးဖက်ထားပေးရတယ်။နေမကောင်းတာမို့ အီချင်နေတဲ့ ရှန်ရှန် ဟာ သူ့ခေါင်းလုံးလုံးလေးနဲ့ ဂျီအွန်းရင်ဘတ်ကို တိုးဝှေ့နေပြန်သေးသည်။

If We Meet Again Where stories live. Discover now