Part - 2

1.1K 160 22
                                    

"ရှန်ဟိုင်း ကို သွားမယ့်လက်မှတ်တစ်စောင်ပေးပါ"

အသွားအပြန်ကို အချိန်မကြာအောင် ဟာအို က လေယာဉ်စီးဖို့ကိုပဲ ရွေးချယ်ခဲ့တယ်။ မေမေ တို့ကို တယောသင်တန်း လို့ပြောခဲ့ပေမယ့် သူတကယ်သွားမယ့်နေရာဟာ ရှန်ဟိုင်းက ဖွားဖွားတို့အိမ် ။
သူငယ်ငယ်ထဲက မရောက်ဖူးတဲ့ဖွားဖွားရဲ့အိမ်က ဘာတွေများထူးခြားနေလို့ မေမေက မသွားခိုင်းတာလဲဆိုတဲ့ အကြောင်းပြချက်ကိုသိချင်တယ် ။ ပြီးတော့ မေမေပြောတဲ့ ကိုကြီး ဆိုတဲ့တစ်ယောက် ။

လူငယ်ပီပီ ဟာအို ဟာ သိချင်စိတ်တစ်ခုထဲနဲ့ ရှန်ဟိုင်း ကို လာခဲ့တာဖြစ်တယ်။ သို့ပေမယ့် ဒါဟာ အရာအားလုံးကို  နောက်တစ်ဖန်ပြန်စတင်ခဲ့သလို ဖြစ်ခဲ့တော့သည်။

-

"ဖွားဖွား"

သူ့ကို မြင်လိုက်တော့ အဖွား က ဝမ်းသာသွားတာနဲ့တစ်ပြိုင်နက် အံဩသွားသေးသည်။

"မြေးလေး ၊ အိမ်ထဲဝင်လေ ကလေး "

အဖွားရဲ့အိမ်ထဲကို ခြေချလိုက်တာနဲ့ သူ့ရင်ထဲမှာ လှိုက်ကနဲတတ်လာတဲ့ ဝမ်းနည်းမှုတွေ ။ တစ်ခါမှမရောက်ဖူးပေမယ့် ဒီအိမ်ဟာသူ့အတွက်တော့ စိမ်းသက်မနေပဲ ရင်းနှီးနေသလို ခံစားနေရသည်။

"လာမယ်ဆိုကြိုပြောတာမဟုတ်ဘူး ။ မင်းအမေက လွှတ်တယ်ပေါ့"

"အမေ မသိဘူး။ ကျွန်တော်ခိုးထွက်လာတာ "

" အမလေး_ကျန်းဟာအို ရယ် ၊ ဇွတ်တရွတ်လုပ်ပုံကတော့ သူနဲ့ တစ်ပုံစံထဲ ! "

"ဘယ်သူနဲ့လဲ အဖွား။ ကျွန်တော်က ဘယ်သူနဲ့တူတာလဲလို့ "

"မင်း_ မင်းအမေနဲ့ပေါ့ ။ ဘယ်သူနဲ့တူရဦးမှာလဲ ၊ သားရယ်"

ဇွတ်တရွတ်လုပ်တတ်တဲ့ သူ နဲ့ အရာရာကို တွေးတောဆင်ခြင်ပြီးအေးဆေးလွန်းတဲ့ မေမေ နဲ့ သူဟာ ဘယ်နေရာမှာများတူလိုက်လို့လဲ ။ သူ့ကိုဖုံးကွယ်ထားတာ ရှိကိုရှိနေမှာ ။

"ဒီမှာထိုင်နေဦး သား ။ အဖွား သားအတွက်မုန့်တွေသွားယူလိုက်ဦးမယ်"

"အဖွား 'ရှန်အိမ်တော်' မှာ အိမ်အကူတွေအများကြီးပဲလေ၊ အဖွားကိုယ်တိုင်လုပ်စရာမလိုပါဘူး"

If We Meet Again Where stories live. Discover now