Part - 17

845 124 140
                                    

//ဒီအိမ်မှာနေရတာ စိတ်ညစ်တယ်//

//ကိုကိုကြောင့်သာမဟုတ်ရင် ဒီကနေထွက်ပြေးတာကြာပြီ//

//တခါတလေဆို ဘယ်လိုရှင်သန်ရမလဲဆိုတာတောင်မသိတော့ဘူး//

ဘယ်သူမှမသိတဲ့ သူ့ရဲ့ဒိုင်ယာရီစာအုပ်ထဲ နာကျင်မှုကြောင့်ဖြစ်ပေါ်လာတဲ့ စာလုံးတွေက ဘယ်သူမှမသိအောင်တိုးလာတယ်။ ဒိုင်ယာရီထဲရေးတဲ့စာမျက်နှာများလာတာနဲ့အမျှ ချွမ်းရွေ့ရဲ့ ရင်ဘတ်ထဲလည်း ဒဏ်ရာတွေ အထပ်ထပ်။

သူ ကိုကို့ကို ချစ်လွန်းလို့သာ အခုလိုဒုက္ခမျိုးကို သည်းခံနေခဲ့တာ။ ကိုကိုက မနက်မိုးလင်းထဲက အလုပ်သွားရင် ညမိုးချုပ်မှပြန်လာတယ်။ အဲ့လိုအချိန်တွေမှ ချွမ်းရွေ့က ဒီအိမ်မှာ ကိုကု့အမေနဲ့ နှစ်ယောက်ထဲ နေခဲ့ရတာ။ ကိုကိုရှိရင်တစ်မျိုး ၊ မရှိရင် တစ်မျိုး ပြောင်းလဲသွားတဲ့ ဆက်ဆံရေးတွေမှာ ချွမ်းရွေ့က နေသားမကျဘူး။
သူ့ယောက္ခမဖြစ်နေလို့ ဘာမှမပြောခဲ့ပေမယ့် သူ့အပေါ်မတရားဆက်ဆံတာတွေကို ပေါက်ကွဲပြစ်ချင်ခဲ့တာ။ ဒါပေမယ့် ကိုကိုစိတ်ရှုပ်မှာစိုးလို့သာ အခုလိုမျိုးတစ်ယောက်တည်းကြိတ်သည်းခံနေခဲ့တာ။

"သားကလည်း ဂျီအွန်းနဲ့ပတ်သတ်ထားတာမို့ ဦးလေးတို့ရဲ့ သားပါပဲ။ ဒါကြောင့် ဘာမှသိမ်ငယ်စရာမလိုဘူး။ ဦးလေးတို့က မိသားစုတွေလေ"

"ဦးလေးမရှိတုံး ဂျီအွန်းက အနိုင်ကျင့်ရင် စာရေးပြီးလှမ်းသာတိုင် ။ ဟုတ်ပြီလား "

ကိုကို့အဖေကိုလေဆိပ်လိုက်ပို့တုံးက ချွမ်းရွေ့ကို ပြောသွားတဲ့စကားတွေ။ တစ်အိမ်လုံးမှာ ချွမ်းရွေ့ကို နွေးနွေးထွေးထွေးဆက်ဆံပေးတာဆိုလို့ ဦးလေးပဲရှိတယ်။ ကိုကို့အဖေရှိတုံးကတော့ ချွမ်းရွေ့က နေရထိုင်ရသက်သာခဲ့သေးတယ်။
ဒါပေမယ့်အခုတော့ သူတစ်ယောက်တည်း ဘေးထွက်နေရသလိုပဲ။ ကိုကိုအလုပ်သွားချိန်ဆိုရင် ချွမ်းရွေ့က အပယ်ခံတစ်ယောက်လိုပဲ။

ကိုကို့အမေက သိပ်တော်တယ်။ကိုကို့ဆီက အမုန်းမခံရအောင် ဟန်ဆောင်နွေးထွေးပြရင်းနဲ့ ချွမ်းရွေ့ကို ဒဏ်ရာတွေပေးနေခဲ့တာ။ အခုလည်း ချွမ်းရွေ့သိပ်မြတ်နိုးတဲ့အရာတစ်ခုကို ချွမ်းရွေ့ဘဝထဲကနေ အပြီးတိုင်မောင်းထုတ်နေလေရဲ့။

If We Meet Again Where stories live. Discover now