သူအထဲ​ရောက်​နေတာ မြင်လိုက်တော့
အံ့သြဟန်မပြ။

နှစ်ယောက်လုံးနဲ့သူငယ်ချင်းဆိုတော့
ဆန်းဆက်ရော ဗျူဟာပိုင်ရောက
ဘုန်းပြည့်ကွန်ဒိုဆီ လာ​လေ့ရှိသည်ဖြစ်မည်။

" ဟေ့ရောင် သွား ပန်းကန်​တွေဇွန်း​တွေ သွားယူလာခဲ့"

ဗျူဟာပိုင်ကို ဘုန်းပြည့်က ပိတ်​ဟောက်လိုက်သည်။

" ငါကဘာလို့"

" မင်းစားမလို့ငါပါဆယ်အပိုမှာထား​ပေးတယ်မလား အခုသွား ​နေစင်ယူလာ​
ပေးရတာ။အ​အေးဘူး​တွေပါယူခဲ့"

သူကကြီးပဲ နိုင်စားတယ်လို့ထင်နေတာ
ဘုန်းပြည့်​ဟောက်လိုက်တော့ ဗျူဟာပိုင် စကားနား​ထောင်သားပဲ။

သူ့ကိုတချက်သာကြည့်ပြီး ဗျူဟာပိုင်က ထမင်းစားခန်းထဲဝင်သွားသည်။

" နေစင် ထိုင်"

" ငါသွားတော့မယ် ဘုန်းပြည့်။ ဗိုက်
ပြည့်​နေ​သေးလို့ ထမင်းမစား​​နိုင်သေး
ဘူးအ​အေးဘူးပဲယူသွား​တော့မယ်"

"မရဘူး ရောက်တုန်းရောက်ခိုက် ​နေ
သွားပါဦး။ ဗျူဟာလည်းရှိနေတာပဲ။
သူ့သူငယ်ချင်းကို ဒီလိုဘဲပြန်ခိုင်းလိုက်ရင်
ရှင်း ငါ့ကိုစိတ်ဆိုးမှာပေါ့"

သူ့လက်ထဲက အထုပ်ကိုပါယူပြီး
ဘုန်းပြည့်က စားပွဲပေါ်တင်လိုက်​တော့
သူဘာမှလုပ်မရ​တော့။

ရှင်းသန့်အိမ်က​နေပါဆယ်ယူလာပေးလို့
သူ့ကို အတော်အားနာနေပုံရတဲ့ဘုန်းပြည့်။

"ကဲ ဘယ်လိုလဲ ဗျူဟာနဲ့ ရင်းနှီး​နေပြီ
လား"

" မရင်းနှီးပါဘူး"

ဘုန်းပြည့် ရုတ်တရက်ကြီးဘာလို့ ဒီလို
လာ​မေး​နေလဲ သူနားမလည်။

ဗျူဟာပိုင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး
မဟုတ်ဘူးလို့ပြောပြထားတာပဲ။။

" ​အော် ထားပါတော့ ။ မင်းကိုမနှုတ်
ဆက်တာ ဗျူဟာကို စိတ်ထဲမှာ ဘယ်
လိုမှမထားနဲ့နော်နေစင်။ ဒီကောင်က
အဲ့လိုပဲ ဆက်ဆံရေးညံ့တယ်။မင်းတို့ချင်း ရင်းနှီးတာလား မရင်းနှီးတာလား ငါ​
လည်းသေချာမ​ပြောတတ်တော့ပေ
မယ့် ဒီကောင် မင်းကို ကြည်ပါတယ်။
ဗျူဟာက သူမပတ်သက်ချင်ရင် မျက်နှာတောင်မကြည့်တဲ့အချိုး"

The First He GlaredWhere stories live. Discover now