Bloody Love part- 52🖤

Beginne am Anfang
                                    

...............................

"ခဏလေးဘဲကြာမှာ....ငါမရှိတုန်း ဂရုစိုက်ကြားလား....ရွန်းရွန်း ကြီးကြီးတင်.... ဒီကလေးမကို ဂရုစိုက်ပေးပါအုံး...."

"လီးကို ကလေးမ"

မင်းနွယ်က ထမင်းစားရင်း ရွန်းရွန်းနဲ့ ကြီးကြီးတင်ကို မှာနေခြင်းဖြစ်သည်။ အရှေ့၌ ချပေးထားသော ဆန်ပြုတ်ခွက်ကို မသောက်ဘဲ စားပွဲပေါ် ခေါင်းမှောက်ကာ နေနေသော ကလျာကိုကြည့်ပြီး 'ကလေးမ'လို့ ခေါ်လိုက်တာကြောင့် ကလျာ့ရဲ့ ဆဲသံလေးဟာ ပေါ်ထွက်လာခဲ့သည်။

နေမကောင်းတာကြောင့် အသံဟာ အနည်းငယ် ဖျော့ရော့နေပေမယ့် ဒေါသအငွေ့နည်းနည်းကတော့ ပါနေသည်ကို မင်းနွယ် ခံစားမိသည်။

"ငါမှာတာတွေ မမေ့နဲ့နော် ကြားလား နွယ်ငယ်!"

မနက်က ကိစ္စကြောင့် မင်းနွယ်ဟာ အကြီးကြီးပီပီ အခေါ်အဝေါ်တွေကို ပြောင်းလိုက်တော့သည်။ သို့ပေမယ့် ကလျာကတော့ သိပ်သဘောမကျပေ

ဘာတဲ့ 'နွယ်ငယ်'

အတော်ကို အူယားစရာကောင်းတဲ့ နာမည်ကြီး။ သို့ပေမယ့်လည်း မင်းနွယ် စိတ်မကောင်းဖြစ်မှာစိုးလို့သာ ငြိမ်နေချင်းဖြစ်သည်။ ပုံမှန်လိုဆို အတိုက်အခံ လုပ်မိမှာမှန်ပေမယ့် မနက်က မင်းနွယ်ရဲ့ စကားတွေကြောင့် ကလျာ ကိုယ့်ကိုကိုယ် ထိန်းသိမ်းထားချင်းဖြစ်သည်။

"သွားမှာဆို သွားပါတော့ အကိုတော်ရာ....ခေါင်းတွေမူးလွန်းလို့ပါ"

ကလျာ ငြူစူစူပြောတော့ မင်းနွယ်က ပြုံးကာ ခေါင်းရမ်းသည်။ နဖူးပေါ် လက်တင်ကာ အဖျားငွေ့ကို စမ်းပြီးမှ

"အင်း....အဖျားက မကျသေးဘူးဘဲ....ဖုန်းတွေတအားမသုံးနဲ့....ကြားလား....ဒါစားပြီး ဆေးသောက်။  ငါလဲ သွားချင်လို့သွားတာမဟုတ်ဘူးရယ် ဒီနေ့က The Pearl Companyက ဉက္ကဌနဲ့ ဆွေးနွေးပြီးလုပ်ရမှာမလို့။ ပြီးတာနဲ့ ပြန်လာမယ် ဘာစားချင်သေးလဲ ဝယ်ခဲ့မယ်လေ...."

မင်းနွယ်က ထိုသို့မေးတော့ ကလျာက ခေါင်းကိုဘဲ ရမ်းပြသည်။

"ဟင့်အင်း မြန်မြန်သာ...ပြန်လာခဲ့ ငါပျင်းတယ်...."

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Wo Geschichten leben. Entdecke jetzt