ဟု အမေတစ်ယောက်​၏လေသံမျိုးနှင့် ဆိုသည်။

တစ်ချိန်တည်းတွင် မင်းလွင်ဟာ ထမင်းစားပွဲရှိရာဆီ ကြည့်မိသည်။ ထမင်းစားပွဲတွင် သူ​၏တူမလေး ကဲကဲက ကျောင်းဝတ်စုံအပြည့်နှင့် ထိုင်နေကာ သူမ​၏အကြိုက်ဆုံးဖြစ်သော မိုင်လိုကို မနက်စာအဖြစ်သောက်နေသည်။

"good morning ဦးငယ်..."

ကဲကဲက မိုင်လိုများပေကျံနေသော နှုတ်ခမ်းဖြင့် ရွှင်ပျစွာပြုံးရင်း ဆိုသည်။

မင်းလွင်ဟာတော့ ယခုထိနားမလည်နိုင်သေးပေ။ သူဟာ အိမ်မက်နှင့် လက်တွေ့ကို သေချာစွာအတည်ပြုရန် ကဲကဲအနားသွားကာ ကဲကဲ​၏ပါးကို ဖျစ်ကြည့်သည်။

" morning ကဲလေး"

အထိအတွေ့ ခံစားချက်ဟာ အစစ်ပါပင်။

ကဲကဲက သူမ​၏ပါးအား ဖျစ်ညှစ်သည်ကို မကြိုက်သဖြင့် ခေါင်းကိုခါရင်း ဘေးသို့ရှောင်သွားသည်။

မင်းလွင်​၏ခေါင်းထဲတွင် အလွန်တရာဗလာကျင်းနေသည်။

သူ ဘာမှကိုမမှတ်မိပါပေ။

သူ ဒီကိုဘယ်လိုရောက်လာသလဲ၊ ဘာတွေဖြစ်သွားတာလဲ၊ ဘာအချိန်လဲ။ သူဟာ ဘာတွေဖြစ်ပျက်သွားတာလဲ။

လက်တွေ့နှင့် အိပ်မက်၊ အတိတ်နှင့်ပစ္စုပ္ပန်အရာအားလုံး ရောထွေးနေသည်။ ထိုသို့ ရောထွေးနေသည့်ကြားမှပင် ထူးဆန်းစွာဖြင့် သူ​၏ခေါင်းထဲ မည်သည်ကိုမှ တွေးကြည့်၍ မရလာပေ။

"မမ သား မနေ့ညက ဘယ်အချိန်အိမ်ပြန်ရောက်တာလဲ"

သူ စဉ်းစား၍မရပေ။ သူ​၏မှတ်ဉာဏ်ထဲ နောက်ဆုံးရှိနေသည်က စက်ဘီးစီးခဲ့ခြင်းဖြစ်သည်။

နောက်ပြီး မှတ်ဉာဏ်ဟာ မရှိတော့ပေ။

" ည ကိုးနာရီလောက်က ပြန်ရောက်တာထင်တယ်။ ဘာလို့လဲ"

" သား ထူးထူးခြားခြားဘာမှမဖြစ်ခဲ့ဘူးလား"

" ထူးထူးခြားခြား..."

မမက စကားအလယ်တွင် ရပ်တန့်သွားသည်။ ထို့နောက် သူက ကလေးထမင်းဘူးအဖုံးပိတ်ရင်း လှည့်ပြောသည်။

" နင် စက်ဘီးမှောက်လာတယ်လေ။ မြောင်းထဲ ပြုတ်ကျလာလို့ဆိုပြီး အိမ်ပြန်ရောက်ရောက်ချင်း ရေချိုး အဝတ်စားလဲလိုက်သေးတဲ့ဟာ"

The Everlasting One (volume 2 + 3 )Where stories live. Discover now