Chapter : 98

13.2K 1.3K 106
                                    

Unicode

ပန်သျှားတိုင်းပြည်

____________________

ယုဂန်သည် ဆူလခေါင်းဆောင်ကို တိုက်ခိုက်ရန်အတွက် သူ​၏ဓားကို ရွှမ်းခနဲမြည်အောင် ဆွဲထုတ်လိုက်​၏။

ဆူလလူမျိုးတို့​၏ အဂိကလက်နက်မှာ လှံရှည်ဖြစ်လေရာ ဆူလခေါင်းဆောင်သည် သူ​၏လက်နက်ဖြစ်သော လှံရှည်ကို အသင့်အနေထားသို့ ကိုင်တွယ်လိုက်လေသည်။ ထို့နောက် ယုဂန်ဆီသို့ တဟုန်ထိုးတိုးလာလျက် လှံရှည်ဖြင့် အဆက်မပြတ်တိုက်ခိုက်တော့သည်။

ယုဂန်သည် ဆူလခေါင်းဆောင်​၏ တိုက်ခိုက်မှုကို ခုခံ၍ တစ်ချိန်တည်းတွင် ပြန်လည်ထိုးစစ်ပြုသည်။ ယုဂန်​၏ တိုက်ခိုက်ရေးအတတ်သည်လည်းကောင်း၊ မှော်ပညာသည်လည်းကောင်း ဥတ္တရသို့စရောက်ခါစကထက် များစွာ ကောင်းမွန်နေပြီဖြစ်လေရာ ယုဂန်​၏ခုခံမှု၊ တိုက်ခိုက်မှုက သွက်လက်၍ အားပြင်းနေပြီ။

ထိုအချိန်တွင် အိမ်​၏အလယ်ပြတင်းပေါက်ကို ချိုးဖျက်၍ လူအချို့ ခုန်ပျံကျော်လွှားဝင်လာသည်။

ထိုလူတို့မှာ ယုဂန်တို့​၏ လှည်းသားယောင်ဆောင်ထားသော စစ်သည်များဖြစ်သည်။ စစ်သည်ပေါင်း လေးယောက်ခန့်ရှိသည်။

ထိုစစ်သည်တို့သည် ဓားကိုအသင့်ဆွဲကိုင်လျက် ယုဂန်နှင့် မှောင်ခိုကုန်သည်ဘေးတွင် ဝန်းရံလိုက်ကြသည်။

"အမတ်မင်း...သွားပါ...ကျွန်တော်မျိုးတို့ ခုခံပေးထားပါ့မယ်"

ထိုစစ်သည်များသည် အသတ်ကိုပင်စတေးနိုင်သောလူများ ဖြစ်သည်နှင့်အညီ ထိုစကားကိုပြတ်သားစွာဆို​၏။

တစ်ဖက်မှ စစ်သည်များရောက်လာသောကြောင့် အိမ်အရှေ့ပေါက်မှ ဆူလစစ်သည်များဟာလည်း မနေသာတော့ဘဲ အိမ်တွင်းသို့ဝင်၍ တိုက်ခိုက်လာတော့သည်။ ကျဉ်းမြောင်းသောအိမ်ထဲတွင် ဆူလနှင့် ဥတ္တရ​၏စစ်သည်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ကြကုန်​သည်။

ဥတ္တရစစ်သည်တို့သည် မည်မျှပင်တိုက်ရည်ခိုက်ရည်ဝ,စေကာမူ ဆူလတို့မှာ လူအင်အားသာသောကြောင့်၊ ထို့အပြင် ရောက်ရှိနေသောနေရာမှာလည်း ဆူလနယ်မြေဖြစ်သောကြောင့် မတတ်သာဘဲ ထွက်ပြေးရမည့်အခြေအနေသို့သာ ရောက်ရှိနေသည်။ ထို့ကြောင့် ယုဂန်နှင့် စစ်သည်များသည် ခုခံရုံမျှသာအားသုံး၍ အိမ်အပြင်သို့ ထွက်ပြေးကြသည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now