Chapter : 97

17.2K 1.5K 101
                                    

Unicode

အမှောင်ထုနယ်မြေဆီသို့...

______________________

အေးချမ်းသာယာလှပသည်ဟု ပြည်သူအများလက်ခံထားသော ဥတ္တရတိုင်းပြည်တွင် မှောင်မည်းကာတိတ်ဆိတ်လွန်းသော နယ်မြေတစ်ခုရှိသည်။

ယင်းနယ်မြေသည် ဆူလလူမျိုးများနေထိုင်ရာ ဆူလနယ်မြေပင်ဖြစ်​၏။

ဆူလနယ်မြေအကြောင်းပြောလျှင် ရှေးဦးစွာ ဆူလလူမျိုးများ​၏သမိုင်းကြောင်းကို စတင်ပြောဆိုရမည်ဖြစ်သည်။
ဆူလလူမျိုးများ​၏ ဇာစ်မြစ်သည် ပန်သျှားတိုင်းပြည်ဖြစ်​၏။ သူတို့သည် လွန်ခဲ့သောနှစ်များစွာကတည်းက ပန်သျှားတွင် နေထိုင်ခဲ့ကြပြီး ပန်သျှား​၏တိုင်းရင်းသားလူမျိုးစုအနေနှင့် သတ်မှတ်ခြင်းခံခဲ့ရသည်။ နှစ်ပေါင်းများစွာကြာညောင်းပြီဖြစ်သော သမိုင်းအရ ဥတ္တရနှင့်ပန်သျှားတို့ နယ်မြေချဲ့ထွင်ရင်း စစ်မက်ဖြစ်ပွားရာ ပန်သျှားသည် ဥတ္တရ​၏ပိုင်နက်ဖြစ်သော မန္တာမျိုးနွယ်စုနေထိုင်ရာ ဒေသတစ်ပိုင်းကို သိမ်းပိုက်သွားခဲ့သည်။

(မန္တာမျိုးနွယ်စုက မိဖုရားသုဒြာရဲ့ မျိုးနွယ်ပါ)

ထိုတွင် ဆူလလူမျိုးအချို့သည် မန္တာမျိုးနွယ်စု​၏နယ်မြေတွင် စီးပွားရေးပြုလုပ်လာသည်။ ဝင်ရောက်နေထိုင်လာသည်။ ထို့နောက် ဖြည်းဖြည်းချင်း ရောထွေးလာသည်။ နှစ်အချို့ကြာပြီးနောက် ဥတ္တရက ထိုနယ်မြေကို ပြန်လည်ရယူနိုင်ခဲ့သောအခါ ဆူလလူမျိုးများပါ ဥတ္တရသို့ အလိုလိုပါလာခဲ့သည်။ ထိုသမိုင်းသည် လူအများသိရှိကြသောသမိုင်းဖြစ်သော်လည်း တကယ်တမ်းကျ စာပေအထောက်အထား၊ ပစ္စည်းအထောက်အထား စသဖြင့်အတိအကျမရှိပါချေ။

မည်သို့ပင်ဆိုစေကာမူ ဆူလလူမျိုးများသည် ဥတ္တရ​၏ တိုင်းရင်းသားလူမျိုးစုအနွယ်ဝင်အဖြစ် သတ်မှတ်ခြင်းမခံထားရပေ။

ဥတ္တရ​၏လူမျိုးစုအဖြစ် မပါဝင်သော်လည်း ဆူလလူမျိုးများသည် ဥတ္တရနယ်ပယ်အတွင်း၌ တဖြည်းဖြည်းနေရာယူလာခဲ့သည်။ သူတို့သည် ယခင်က မန္တာမျိုးနွယ်စုများနှင့် တစ်မြေတည်းနေထိုင်ခဲ့သည်။ နောင်အခါ မသိသာသော အနုနည်းဖြင့် နေရာချဲ့ထွင်လာသောကြောင့် မန္တာမျိုးနွယ်စု​၏နယ်မြေတစ်စိတ်တစ်ဒေသမှာ ဆူလလူမျိုး​၏ နယ်မြေလုံးလုံး ဖြစ်သွားလေသည်။ မန္တာမျိုးနွယ်စုများသည် အသစ်ရောက်လာသော ဆူလလူမျိုးအတွက် သူတို့​၏နယ်မြေကို ဖဲ့ပေးခဲ့သယောင်ဖြစ်သွားသည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now