Bloody Love part- 51🖤

Start from the beginning
                                    

"အေး ငါလဲမသိဘူး....မနေ့ကတည်းက မတွေ့မိဘူး....ငါလိုက်ရှာဉီးမယ်...."

"မရှာနဲ့...."

အသံလာရာကိုကြည့်မိတော့ သတိရနေပြီဖြစ်သော အံ့ကလျာနွယ်....

"သူ့ကို ရှာစရာမလိုဘူး...."

ကလျာက ခံစားချက်မရှိတဲ့ အသံနှင့်သာ ပြောလာသည်.....

"ကျစ်! စိတ်ရှုပ်စရာတွေ.... ဘာလို့ အဲ့ဆေးတွေကိုချိတ်ပြန်တာလဲ...."

အားမရှိသည်ကို တအားထကာ လက်၌ သွင်းထားသော ဆေးအပ်ကို ဆွဲဖြုတ်ဖို့ပြင်နေလေသည်.....

"မလုပ်နဲ့.... နင်ဖျားနေတာနင်သိလား...."

ထိုသို့ပြောတော့ ဘာမှပြန်မဖြေဘဲ ခပ်တွေတွေသာ ထိုင်နေသည်.....

"စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဟာ....ငါ့မှာ နင်ဘဲရှိတော့တာ....ဖူးငယ်ကလဲ ဘယ်ရောက်နေတာမှန်းမသိ.... ငါတို့မြတ်နိုးရတဲ့ မေမေကလည်း မရှိတော့ဘူး....ဒါကြောင့် နင့်ကိုတော့ ငါမဆုံးရှုံးပါရစေနဲ့ဟာ...."

မင်းနွယ်က မျက်ရည်များ ရစ်ဝိုင်းကာ ကလျာရဲ့ လက်ကိုကိုင်ရင်း တုန်ရင်စွာဖြင့် ပြောလာသည်.....

ဟန်ဇင်က မိမိကြောင့် စိတ်အနှောင့်အယှက် ဖြစ်မည်ဆိုး၍ ထိုအခန်းထဲကနေ တိတ်တိတ်လေး ထွက်သွားလိုက်သည်....

"ငါ့ရဲ့ ကလေးတွေကို ဘယ်လိုလုပ် ဆုံးရှုံးချင်မှာလဲ....ငယ်ငယ်ကတည်းက ပျိုးထောင်လာရတဲ့ ပန်းကလေးတွေကို လက်လွတ်စပယ် ငါအဆုံးရှုံးမခံနိုင်ဘူး....."

"........."

ကလျာဟာ ထိုစကားများကို ငြိမ်ပြီးတော့သာ နားထောင်နေသည်....

တုန့်ပြန်ချင်းမရှိသည့်အပြင် ဘာမျှမရှိသော မိမိအရှေ့က လေဟာနယ်ကိုသာ စိုက်ကြည့်နေသည်......

"ဒါကြောင့်... ငါ့စကားနားမထောင်တောင်မှ...နင်ဘာသာ ကိုယ့်ကျန်းမာရေးလေးကို ဂရုစိုက်ပါနော်...."

မျက်ရည်များဟာ မင်းနွယ်ရဲ့ ပါးပြင်ထက် ဉီးစွာ လိမ့်ဆင်းလာခဲ့သည်.....

ဒါဟာ မေမေဆုံးပြီးကထဲကဆိုရင် အခုမှ ပထမဉီးဆုံး ငိုမိတာ ဖြစ်သည်.....

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now