အပိုင်း-၁၁

Start from the beginning
                                    

"ဒီမျက်လုံးတွေကြောင့်၊ ဒီအကြည့်လေးကြောင့်၊ အခုလိုအပြုအမူလေးတွေကြောင့်၊ ငါနဲ့ဆို ခိုးပြုံးတတ်တဲ့ အပြုံးနုနုလေးတွေကြောင့်"

"..."

Wonwoo ဆွံအသွားရသည်။ သူရဲ့ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကို လိုက်ထိပြီးပြောနေတဲ့ Mingyu ကြောင့် ဝဲရင်အုံတုန်တက်သွားရတာတော့အမှန်ပင်။ တိတ်ဆိတ်သွားတဲ့သူ့ကို ရှေ့ကလူက တစ်ချက်မျှ ရယ်ပြီး

"ဆက်ပြောရအုံးမလား၊ မင်းကိုကြိုက်တဲ့အချက်တွေဆို ပြောလိုကုန်မှာတောင်မဟုတ်ဘူး"

"..."

"ဂိမ်းဆော့လိုရှုးသွားရင် မသိမသာလေးမျက်နှာမဲ့သွားတာကော၊ ဂိမ်းနိုင်သွားရင် ဘဝင်ရူးလေး ဖြစ်သွားတာကော၊ မင်းရဲ့အရာရာတိုင်းက ငါသဘောကျဖို ဖြစ်တည်နေသလိုပဲ Wonnu"

"တော်တော့"

စကားတတ်လွန်းတဲ့ Mingyu ကြောင့် သူနားရှက်လာသည်။ ဆက်နားမထောင်ရဲတော့ပေ။ ထိုအခါကျမှ Mingyu က မျက်မှန်လေး တယုတယပြန်တပ်ပေးလိုက်သည်။ Wonwoo ရဲ့ လက်ကလေးနဲ့ သူလက်ကို တစ်ဖက် ယှက်နွှယ်စေကာ

"မင်းကော ငါ့ကိုသဘောကျတဲ့ အချက်တစ်ချက်ဖြစ်ဖြစ်မရှိဘူးလား"

"မသိဘူး"

"မသိလိုမရဘူး၊ ဒီတစ်ချက်လေး ပြောခိုင်းတာကို"

Wonwoo လက်နဲ့ သူ့လက်ကို ယမ်းခါရင်း ဂျီကျသံဖြင့် ပြောလာသည်။ ကိုယ်လုံးကြီးကို ဝဲဘက်သိုလှုပ်ခါလိုက်၊ ယာဘက်သို လှုပ်ခါလိုက်ဖြင့် အရွဲတိုက်နေသည်။ Wonwoo ပြုံးမိပြီး

"အခုလိုပုံစံ"

"ဟင်"

"ငပေါလုပ်နေတဲ့ ပုံစံ"

Mingyu က Wonwoo အပြောကြောင့် ဟက်ထိုးပက်လန်ရယ်လိုက်ပြီး ပါးကိုလှမ်းဆွဲသည်။ သို့သော် Wonwoo က နောက်သို့ ရုတ်လိုက်တာမလို့ မျက်စောင်းမမည်သည့် မျက်စောင်းထိုးလိုက်ကာ

"ချစ်လို့ဟာကို အချစ်မခံချင်ဘူးလား"

Wonwoo က မခံချင်ဘူးဟု ပြောင်ချော်ချော်ပြောရင်း ဆိုင်အောက်ထပ်သို့ ပြေးဆင်းသွားသည်။ Mingyu မှာတော့ သူ့ရဲ့ မျက်မှန်လေးကို ငေးကြည့်ရင်းပြုံးလို့သာနေတော့သည်။ မြတ်နိုးရာလေးကို သူပြေးလိုက်ဖမ်းရင် လှေကားဆင်းနေရင်း လူမြင်ကွင်းမှာ ချော်လဲသွားမှာစိုးတာကြောင့် ပုံမှန်သာလျှောက်ရင်း Wonwoo နောက်လိုက်မိသည်။ အဖြေစကားကို တိတိပပမပြောသေးပေမဲ့ Wonwoo ရဲ့ သည်ပုံစံလေးကသာ သူ့အဖို့ ချစ်ရိပ်လေးပါပင်။ ဘယ်သူ့အပေါ်ကိုမှ ရင်ခုန်သံမစွန်းထင်းဖူးသည့် သူက Wonwoo နဲ့ကျမှ အသည်းအသန် ဟန်ဆောင်မရ သဘောကျမိတော့တာပင်။ လူငယ်သဘာဝ စိတ်ကစားတာလည်းဖြစ်ရင်တောင် သူ့ဒဏ္ဍာရီလေးမှာ Wonwoo က တစ်စိတ်တစ်ဒေသဖြစ်ဖြစ်ပါနိုင်မှာပါ။ Wonwoo နဲ့ပတ်သတ်ရင် လေးနက်နေတဲ့ သူ့ခံစားချက်တွေကိုတော့ ရင်ခုန်သံ ပဲ့ကိုင်ရှင်လေးကို တစ်စတစ်စ ထုတ်ပြသွားပါအုံးမယ်လေ။

"DANCIN' On to Your Heartbeat"Where stories live. Discover now