ဘာတွေ ဖြစ်နေတာလဲဟ...

ယုကျောက် သူ့ဒေါသကို ထိန်းချုပ်ထားပြီး စာရိုက်ကာ ချီယင်းကို ပြလိုက်သည် : အစ်မ ကျွန်တော် အစ်မကို ဆေးရုံခေါ်သွားပေးမယ်

မျှော်လင့်ထားသလို မဟုတ်ဘဲ ချီယင်းက ဖုန်းစခရင်ကို တစ်ချက်သာ ကြည့်ပြီး ခေါင်းခါပြလေသည်။ သူမ၏လက်များက ကျီးရန်ကို တင်းတင်းကျပ်ကျပ် ဆုတ်ကိုင်ထားတုန်း။ ကျီးရန် ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေသလိုပင်။

ကျီးရန်ကို ကြိုက်သော မိန်းကလေးများ တန်းစီလိုက်ပါက ကျောင်းဂိတ်မှ လမ်း၏ တခြားတစ်ဖက်သို့ပင် ရောက်လောက်သည်။ ထို့ပြင် သူ့ကို ပိုးပန်းရန် နည်းလမ်း အမျိုးမျိုး ရှိပေမဲ့ တစ်စုံတစ်ယောက်က သူ့အတွက် ဝင်ပြီး အရိုက်ခံပေးသည်မှာတော့ ပထမဆုံးပင်။

ချွီသာ့ကျွမ်း၏ လူအများကလည်း ထိုမြင်ကွင်းကြောင့် ကြက်သေသေသွားကြသည်။

ယုကျောက်က အလွန် စိတ်တိုနေသော်လည်း ဖော်ပြရန် နည်းလမ်းမရှိပေ။ သူ့ စိတ်က လုံးဝ ရှုပ်ထွေးနေသည်။ သူက ချီယင်းကို ဆေးရုံသို့ ခေါ်သွားချင်သောကြောင့် ချီးယင်း၏ ပခုံးကို တိုက်ရိုက် ဆွဲလိုက်ပြီး သူမကို ဆွဲထုတ်လေသည်။

အခုလေးတင် တုတ်ဖြင့် ပခုံးကို အရိုက်ခံခဲ့ရသောကြောင့် ယုကျောက် သူမ ဒဏ်ရာ ရထားသောနေရာကို ထိလိုက်သောအခါ နာကျင်မှုကြောင့် မျက်ရည်ကျလာရသည်။

ရုတ်တရက် ကျီးရန် ယုကျောက်ကို လက်တစ်ဖက်တည်းဖြင့် တွန်းထုတ်လိုက်တော့သည်။

ယုကျောက် သူ့ကို ဆဲရေးလိုက်မိသည် "မအေလိုး..." ကျီးရန် ကိုယ်ကိုကိုင်းလိုက်ပြီး ချီယင်းကို မင်းသမီးလေးလို ပွေ့ချီလိုက်ကာ ခြေလှမ်းကျဲကြီးများဖြင့် ကျောင်းဂိတ်သို့ သွားတော့သည်။ ယုကျောက်တွင် ရွေးချယ်စရာ မရှိတော့ဘဲ သူတို့နောက်က လိုက်ရတော့သည်။

ချီယင်း သူမ၏ ပခုံးများ မီးဖြင့် အထိုးခံရသလို ခံစားနေရသည်။ သူ၏ ကော်လာပေါ်မှ honey locusts သစ်ပင်ရနံနှင့် ရောထွေးနေသော စီးကရက်ရနံ့ သင်းပျပျကို ရလိုက်သည်။ သူ့ရင်ဘတ်ပေါ်မှ သူ့နှလုံးခုန်သံကို သူမ မကြားရပေ။ စစ်သူကြီး၏ အိမ်တော်သို့ သူမကို သူခေါ်လာသည့် နေ့ကို သတိရလိုက်သည်။

သူဌေးကြီးရဲ့ နတ်သမီးလေးအဖြစ် ကူးပြောင်းလာခြင်း [MM Translation]Where stories live. Discover now