အိုး ကလေးတွေကတော့....
 
  တွေးဆကြည့်လျှင် တက္ကသိုလ်တိုင်းသည်တူညီကြလေသည်။နွေဦး၌ပန်းများပွင့်ဖူးကြသလိုမျိုးနှင့် ဆောင်းတွင်းတွင်နှင်းများကျသလိုမျိုးပင်။ခန့်ညားတဲ့ကောင်လေးတစ်ယောက်ကပဲ ဒီလိုမိန်းကလေးကျောင်းသူတွေကြား အုတ်အော်သောင်းနင်းဖြစ်စေတာလေ။

  "အသစ်ရောက်တဲ့စာပေပါမောက္ခကိုနင်မြင်လိုက်လား။သူကအရမ်းဟော့တာပဲအေ"

  "ငါမြင်တယ်။ငါမြင်တယ်။သူကငါ့ကိုတောင်ပြုံးပြခဲ့တာ"

  "သူကအရမ်းငယ်သေးတယ်လို့ကြားတယ်။သူကအသက်၃၀တောင်မရှိသေးဘူးတဲ့။ဝိုး မန်း။ငါသာသူ့အတန်းမှာရှိနိုင်လို့ကတော့...."

  "နင်ကသိပ္ပံဘာသာမလား။စာပေအတန်းကိုဘာလို့ယူမှာလဲ...."

  တစ်ဖက်တွင်တော့ မိမိသည်ဖုန်းဆက်လို့ရသွားလေပြီ။မိမိသည်ခြေလှမ်းများအားရပ်တန့်ပြီးအော်လိုက်သည်။

  "မက်ဆေ့ခ်ျကဘာဖြစ်တာလဲ။ရှင့်ရဲ့မက်ဆေ့ခ်ျကိုအတန်းချိန်တစ်ခုလုံး‌ေစာင့်လိုက်ရတာသိရဲ့လား။ကျွန်မအခုဘာလုပ်ရမှာလဲ"

  တိုက်တိုက်ဆိုင်ဆိုင်ပင် ကျောင်းသူများမှာ တိုင်ပင်မထားရပါဘဲစတင်အော်ဟစ်တော့သည်။မိမိသည်စုယန်၏တုံ့ပြန်မှုကိုမကြားတော့‌ေပ။

  "......"

  မိမိသည်ထိုfangirlလေးများအားရှုံ့ချလိုက်သည်။သေးငယ်သောကြားလေးမှတစ်ဆင့် မိမိသည်ခပ်‌ေဝး‌ေဝးရှိစုယန်အားသတိပြုမိလိုက်သည်။လက်ရှိ၌သူသည်ဖုန်းအားနားတွင်ကပ်ထားပြီး မိမိဘယ်နေရာတွင်ရှိနေသည်အားသိနေသလို မိမိထံကြည့်လာသည်။

  ကျောင်းသူအဖွဲ့အရှိန်နောက်လိုက်ရင်း မိမိသည်အချိန်နှင့်အမျှသူ၏မျက်လုံးများနှင့် နှာတံကိုမြင်နေရသည်။သို့သော်မိမိသည်သူ့တစ်မျက်နှာလုံးအားမမြင်ရသေးပေ။

  မိမိသည်ရှုပ်ထွေးနေဆဲဖြစ်သော်ငြား စုယန်၏အသံကိုတော့ကြားနေရသေးသည်။

  "ဒီနေ့ကစပြီး ငါကမင်းရဲ့ပါမောက္ခဖြစ်လာလိမ့်မယ်။ငါပြောတာသိပြီလား"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now