အပိုင်း-၁၀

Start from the beginning
                                    

"ဖတ်ကြည့်၊ မနက်ဖြန်အဖြေပေး"

Mingyu က စာအုပ်ကို မျက်စပစ်ပြပြီး အခန်းထဲက ထွက်သွားသည်။ Wonwoo ကတော့ ပဟေဠိများဖြင့် ကျန်ခဲ့သည်။

"ဟင်"

သူ့မူလထိုင်ခုံပေါ် ပြန်ထိုင်လိုက်ပြီး Mingyu ရေးခဲ့သည့် နောက်ဆုံးစာမျက်နှာကို လှန်လိုက်သည်။

"Wonnu မင်းရိပ်မိနေလား၊ မရိပ်မိနေလားတော့ ငါမသိပေမဲ့၊ ငါမင်းကိုကြိုက်တယ်နော်။ ပါးစပ်ကနေပြောရတာ ငါလည်းရှက်လို့၊ အခုလိုရေးလိုက်တာ၊ စိတ်တော့မဆိုးပါနဲ့ကွာ၊ မနက်ဖြန်အဖြေပေးနော်။ အသည်းနှလုံးကိုတော့ မခွဲလိုက်ပါနဲ့၊ မင်းကငါ့ရဲ့ အချစ်ဦးကွ"

စာလေးက တိုတိုလေးပေမဲ့ သူ့ကို ရွှင်မြူးစွာပြုံးစေသည်။ သူရိပ်မိနေသလားဆို၊ ရိပ်မိပါသည်။ အနေသာအေးပေမဲ့ ထုံထုံအအတော့ မဟုတ်တာမလို့ Mingyu ရဲ့ ရေလာအောင် မြောင်းဖောက်ပေးမှုတွေကို သိထားနှင့်ပါသည်။ စိတ်ကစားသည်လား၊ အတည်လား သူဝေခွဲမရသေးတာမလို့ စောင့်ကြည့်နေခဲ့ခြင်းသာ။ Mingyu ဘက်က သူ့နှလုံးသားကို ဗြောင်းဆန်အောင် လှုပ်ခါနေတာမလို့ သူငြိမ်နေခဲ့ရသည်သာ။ Mingyu ၏ လက်ရေးနှင့်စာကို တစ်ချက်မျှ ငေးရင်း ထပ်ပြုံးမိတော့သည်။

//

"Seungkwan!"

Vernon က ဘောလုံးကွင်းကနေ ခေါင်းမော့ ရင်ကော့စွာ ပြန်လာသည့် Seungkwan ကို အော်ခေါ်လိုက်တော့ အံ့ဩစွာ မျက်လုံးလေးပြူးကျယ်လာပြီး

"ဩ Vernon မတွေ့တာတောင်ကြာပြီ"

"အင်း မင်းအသင်းအတွက် ဂုဏ်ယူတယ်နော်"

"ကျေးဇူးကွာ၊ မင်းတို့ကျောင်းက Seung Cheol ကလည်း အကြမ်းကြီးနော်။ ဂိုးတောင်မသွင်းနိုင်လောက်တော့ဘူး ထင်ထားတာ"

Vernon ခေါင်းညိတ်ပြလိုက်ပြီး ချွေးသီးတွေ နှဖူးမှာ နေရာယူထားတာကြောင့် ယူလာသည့် သဘက်အဖြူလေးကို ပေးလိုက်သည်။ တကယ်တမ်း ‌ဝန်ခံရရင် သူကိုယ်တိုင် ချွေးသုတ်ပေးချင်မိပေမဲ့ Seungkwan အတွက် မသက်မသာဖြစ်သွားမှာကြောင့် အလိုက်သင့်လေးသာ ပေးလိုက်ခြင်းပင်။

"ငါမင်းကို "

"အေး"

"မုန့် ...အဟမ်း! မုန့်လိုက်ဝယ်ကျွေးရမလားလို့၊ ဂုဏ်ပြုတဲ့ အနေနဲ့"

"DANCIN' On to Your Heartbeat"Where stories live. Discover now