"အမေ"
သူ့အဖေ မျက်နှာမကောင်းတာကို
မြင်တော့ ဆန်းဆက် ဒေါ်စိုးယုမော်ကို
အကြည့်နဲ့ ဆက်မပြောဖို့တားလိုက်ပေးမယ့်။"မြင်လား သား မင်းအဖေ ဘယ်လို
တောင် အဲဒီမိသားစု ဆီမှာကျွန်ခံ
နေခဲ့ရလည်းဆိုတာ။အဘိုးကြီးက
ပါးစပ်ကသာသူ့ရဲ့ မိသားစု
သူ့မှာ သားနှစ်ယောက်ရှိတယ်။ လက်
တွေ့မှာတော့ အချိုသပ်ပြီးလူရာ
မသွင်းပဲခိုင်းစားနေတာ ဟိုးအရင်
သားမမွေးခင်တုန်းအချိန် အခုလို
ဆက်သွယ်ရေးတွေမရှိတုန်းကထဲက
နယ်အစွန်ထိကိုရောက်တဲ့
တစ်ချို့အလုပ်ကိစ္စတွေဆိုရင် ကိုယ့် အန္တရာယ်ကိုတောင်မမှုပဲမင်းအဖေက
ရစရာရှိတာတွေကိုယူပြီးသူတို့အခုလိုကြီးပွားလာအောင်လုပ်ပေးခဲ့တာ။တကယ်တမ်းတော့ မင်းအဖေကလူယုံ အဆင့်ပဲရှိတယ်။မင်းအဘွားသာမရှိ
နေရင် မင်းအဖေ ဒီနေရာလေးကိုတောင်
ရမှာမဟုတ်ဘူး အမေတို့တသက်လုံး
ဟိုမိသားစုဆီမှာမျက်နှာငယ်နေရမှာ"" စိတ်လျှော့ အမျိုးသမီး မျက်နှာမှာ
အရေးအကြောင်းတွေထင်လာလိမ့်မယ်"လေပြေနဲ့ အေးဆေးစွာပင် ပြောလျက်
ဆန်းဆက်သူ့အမေကို နှစ်သိမ့်လိုက်သည်။" မင်းအမေနဲ့စကားပြောလိုက် ဆန်းဆက်။ အဖေထမင်းစားခန်းထဲသွားတော့မယ် ကျောင်းမသွားခင် မနက်စာစားသွားအုံး"
" ဟုတ်ကဲ့အဖေ ကျွန်တော် ခဏနေလာခဲ့မယ်"
ဦး ကျော်မြင့်သူက သူ့မိန်းမကို
ကြည့်လျက် သက်ပြင်းချကာ
ထမင်းစားခန်းထဲဝင်သွားသည်။"မင်းအဖေက အမေဘယ်လိုပြောပြ
ပြောပြငုံ့ခံနေမြဲပဲ။အမေ့ရဲ့အဲ့ဒီအချိန်
ထဲက ခံပြင်းမှုတွေကအခုထိ ရင်ထဲမှာအစိုင်အခဲ ဖြစ်နေတယ် သားရဲ့ အမေ အရမ်းခံပြင်းတယ်""သူတို့ မကောင်းတာလုပ်ထားရင်
သူတို့ စရိတ်နဲ့သူတို့သွားမှာပဲ အမေ
ဝဋ်ဆိုတာကရှိပြီးသား"ရင်ဘတ်ကိုထုနေတဲ့ သူ့အမေရဲ့လက်ကိုဆန်းဆက် ဆွဲလိုက်ရသည်။
" အမေအနာကျည်းဆုံးကလေ
သားကို နာမည်ပေးတဲ့အချိန် သူ့မြေး
လိုပဲ အနောက်မှာသူ့နာမည်ပါတဲ့"ပိုင်"တစ်လုံး ထည့်ပါမယ်ဆို
တာကိုတောင် လက်မခံခဲ့တာပဲ။
နေ့နာမ်ကို လွှဲချတဲ့ အဘိုးကြီးရဲ့သရုပ်မှန်ပေါ့"
YOU ARE READING
The First He Glared
Teen Fictionမင်းကိုပြောပြချင်တဲ့အကြောင်းအရာတွေအတွက်အခွင့်ရှိနိုင်ပါ့မလား....
Chapter-15
Start from the beginning