Bloody Love part- 45🖤

Start from the beginning
                                    

အမယ်လေး....

ဘယ်လိုတောင် ချောမောမှုတွေကို ပိုင်ဆိုင်ထားတဲ့ သူတွေပါလဲနော်....

Suit အမဲရောင်ကို ဆင်တူဝတ်ဆင်ထားတာကြောင့် နှစ်ယောက်လုံးရဲ့ ရုပ်ရေဟာ အတူတူဘဲဖြစ်နေသည်....

ရှင်းသန့် သူတို့ကိုကြည့်ပြီး ပြုံးကာ လှမ်းခေါ်လိုက်သည်....

"မနွယ် ကိုနွယ်..."

အမွှာနှစ်ယောက် မီဒီယာတွေကြောင့် အနည်းငယ် စိတ်ရှုပ်နေပါသည်ဆိုကာမှာ အရှေ့ကမြင်လိုက်ရတဲ့ အံ့ရှင်းသန့်ကြောင့် ပိုလို့ပင် စိတ်ရှုပ်ရသည်....

အံ့ရှင်းသန့်ဟာ Omegaတွေ ထုံးစံအတိုင်း လှပသည်....

Alphaတိုင်း လိုချင်တပ်မက်သည့် ပုံစံပင်....

ဒါမယ့် အဲ့လိုAlphaမျိုးထဲမှာ အမွှာတွေမပါ....

"သန့်ကလေ ကိုနွယ်တို့ မလာတော့ဘူး ထင်နေတာ....ခ်ခ်...လာတော့လေ သန့်တကယ်ပျော်တယ်..."

နှစ်ယောက်လုံးလက်ကို ဆွဲကာ ပြောဆိုနေသည်မှာ မပြီးတော့...

ထို့အပြင် စကားတစ်ခွန်းပြောတိုင်း ရယ်သွေးနှောနှောပြီးတော့က ပြောသေးတယ်....

ဒါပေမယ့် အမွှာတွေ စိတ်ထဲကပြောလိုက်သည်မှာ....

*ရုံးပတေသီးနဲ့ အမွှာလားမသိဘူး*

"ရောက်လာသားဘဲ...."

အသံကြောင့် အာရုံတွေပြန်စုမိပြီး ကြည့်မိတော့....

ဉီးအံ့ဘုန်းမာန်နဲ့ သူ၏ ဇနီး ဒေါ်မေရှင်းဆက်က သူတို့နားကို ရောက်လာသည်....

"အချိန်မရဘူး.... ခဏနေပြန်မှာ...."

ကလျာက တုံးတိပင် ဖြတ်ပြောလိုက်သည်....

မင်းနွယ်ကပါ ထိုအပြောကို လက်ခံသလိုဖြင့် ခေါင်းငြိမ့်ပြသည်....

"ပွဲပြီးတဲ့အထိ မနေနိုင်ဘူးလားဟင် မနွယ်..."

ရှင်းသန့်က မျက်နှာငယ်လေးလုပ်ကာ ပြောလိုက်ပေမယ့် ကလျာပြန်ပြောလိုက်သည်မှာ....

"မရဘူး....အိမ်မှာ... ငါ့ရဲ့ အဆိုးလေးရှိသေးတယ်....မျှော်နေလိမ့်မယ်...."

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now