Bloody Love part- 44🖤

Start from the beginning
                                    

*ဒေါက်! ဒေါက်!*

ရုတ်တရက် တံခါးခေါက်လာတာကြောင့် နှစ်ယောက်လုံး စာရေးချင်းကို ခဏရပ်ထားလိုက်သည်....

"ဝင်ခဲ့"

ထို့နောက် မင်းနွယ်က ဝင်လာသည်......

"စာရေးနေကြတာလား...."

မင်းနွယ်၏ အမေးကို ၂ယောက်လုံး ခေါင်းညိမ့်၍သာဖြေကြသည်....

"ငါပြောစရာရှိလို့လာတာ...."

"မာမီ....နောင် အောက်ထပ်ခဏဆင်းမယ်...."

မင်းနွယ်က ပြောတော့ ထိုကောင်လေးက အလိုက်တသိနှင့် အခန်းထဲက ထွက်သွားသည်.....

တချို့အရာတွေကို ဝင်မစွပ်ဖက်ချင်တာကြောင့်ရော မာမီစိတ်အနှောင့်အယှက် ဖြစ်မှာစိုးတာကြောင့်ရော ကိုယ့်ဘက်က စည်းစောင့်ချင်းဖြစ်သည်....

"လိမ်မာတဲ့ ကောင်လေးဘဲ"

နောင်နောင်ထွက်သွားသည်နှင့် မင်းနွယ်က စကားဆိုလိုက်သည်....

"အဲ့တာ နောက်ထား....ပြောစရာရှိတာပြော...."

ကလျာက စကားကြောရှည်တာတွေကို လုံးဝမကြိုက်သူဖြစ်တာကြောင့် အခုလိုပြောလိုက်ချင်းသာ....

"ညနေကြ Dinnerပွဲ သွားရမှာ...နင်မှတ်မိလား...."

ကလျာက ခေါင်းကိုညိမ့်ပြကာ ထပ်ပြောသည်....

"ငါထင်နေတဲ့အတိုင်းဘဲမင်းနွယ်....ဉီးအံ့ဘုန်းမာန်က ငါတို့ကို လူလယ်မှာ အရှက်ခွဲဖို့ လုပ်နေတာ...."

"ဆိုတော့.... ငါတို့က....ယုတ်မာမှုဆိုတာ ဘာလဲ ပြန်ပြပေးရုံပေါ့....."

ထိုသို့ပြော၍ ၂ယောက်သား အပြုံးတစ်ခုချိတ်ဆွဲထားလိုက်သည်....

ခများလုပ်တိုင်း ငြိမ်ခံနေမယ့်လူတွေလို့ထင်ရင်.....

မှားသွားမှာပေါ့.....

............................

"အဟင့်....မာမီ လွမ်းနေတော့မှာ....."

"ကိုယ်ခဏလေးဘဲ ကြာမှာ...."

Suitဝတ်နေသည်ကို နောက်ကနေ သိုင်းဖက်ကာ ချွဲနေတဲ့ကြောင်ပေါက်ကြောင့် ကလျာလည်း ဒုက္ခရောက်နေရသည်.....

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now