Ch 16 တစ်နေ့ထက်တစ်နေ့ပိုချစ်နေမယ် 1

Start from the beginning
                                    

ကျိနင်းပူဆွေးသောကရောက်နေပေမဲ့ဆယ်ကျော်သက်တွေကချီရုဝမ်ရဲ့အုတ်ဂူကိုဖျက်စီးပြီးသူ့အလောင်းကိုလေ့ကျင့်ပေးဖို့ခိုးယူချင်နေတာကိုသိတဲ့အခါအလွန်ဒေါသထွက်မိသည်။သူတို့ကိုခေါင်းဖြတ်ပစ်ပြီးအမှိုက်ထဲမှာပစ်ထားလိုက်မည်။ကျန်တဲ့သူတွေကြိုက်သလိုယူသုံးပါစေ။

သူတို့ကိုသတ်ပစ်မယ်။

ကျိနင်းကယွင်သောင့်ပုခုံးပေါ်မှာမှီထားပြီးသူ့ရှေ့ကဆယ်ကျော်သက်တွေကိုအာရုံစိုက်ထားကာအမြီးလေးကရှေ့နောက်ခါရမ်းနေသည်။

သူတို့နောက်ကိုတအောင့်လောက်လိုက်ပြီးနောက်မှာတော့ဆယ်ကျော်သက်တွေကရှန်းတုမြို့အပြင်ကတောင်ကြီးတစ်တောင်ရှေ့ကိုရောက်သွားကြသည်။သူတို့ခြေလှမ်းတွေကသိသာစွာနှေးကွေးလာကြပြီးဘေးပတ်ဝန်းကျင်ကလှုပ်ရှားမှုတွေကိုလည်းပိုပြီးသတိထားလာသည်။

ရှောင်းမိသားစုကအလောင်းပြင်တဲ့ကောင်လေးကရတနာတစ်ခုကိုထုတ်လိုက်ပြီးငွေအကြွေစေ့အပေါ်မှာတင်လိုက်သည်။သူကရတနာထဲကိုချီစွမ်းအင်သွင်းလိုက်ပြီးလက်တွေကိုလှုပ်ရှားကာချီစွမ်းအင်ဘယ်ဘက်ကို‌ရွေ့သွားမလဲကြည့်နေသည်။ကြည့်ရသည်မှာတောင်အတွင်းတစ်နေရာမှာချီရုဝမ်၏အုတ်ဂူကိုရှာတွေ့သွားပုံပေါ်သည်။

"ရောက်ခါနီးပြီ..."

သူတို့ရဲ့သတိထားနေတဲ့လှုပ်ရှားမှုတွေကိုတွေ့တဲ့အခါယွင်သောင့်ကသူတို့ကိုစောင့်ကြည့်ဖို့သုံးထားတဲ့ချီစွမ်းအင်တွေကိုဖြန့်ကျက်လိုက်သည်။

သူမကသားပေါက်လေးရဲ့ခေါင်းကိုပုတ်လိုက်ပြီးဂုတ်ကနေရုတ်တရက်ဆွဲမကာသူမခါးကအိတ်လေးထဲမှာသူ့ကိုထည့်လိုက်သည်။

"မမကကောင်းတာတစ်ခုခုလုပ်ရမှာမို့လူမိသွားလို့မဖြစ်ဘူး အဲ့ဒါကြောင့်ဒီထဲမှာတအောင့်လောက်နေလိုက်ဦးနော်ကောင်လေး"

ယွင်သောင့်ကအိတ်ကလေးကိုပုတ်ပြီးတိုးတိုးပြောသည် "မမကိုစောင့်နေ ပြီးသွားရင်ပြန်ထုတ်ပေးမယ် တအောင့်လောက်တော့လိမ္မာ‌အောင်နေနော်"

မဖြစ်နိုင်တာ ဒီလိုအချိန်မျိုးမှအပိတ်ခံထားရတယ်လို့။

ကျိနင်းအံ့ဩနေချိန်မှာပဲမှောင်မည်းနေတဲ့အိတ်ထဲအပစ်ခံလိုက်ရသည်။ပြုတ်ကျသွားတဲ့အချိန်မှာစိတ်ပူပန်ပြီးချောမွေ့တဲ့အနားတစ်လျှောက်ကိုလက်သည်းတွေနဲ့ကုတ်ပေမဲ့ဒီအိတ်ကအိပ်မွေ့ချနိုင်တဲ့အစွမ်းရှိပုံရသည်။မကြာခင်မှာပဲကျိနင်းရဲ့မျက်လုံးတွေအိပ်ချင်မူးတူးဖြစ်လာပြီးနှစ်ခြိုက်စွာအိပ်ပျော်သွားသည်။သူ့ကိုယ်လေးကဖြေးဖြေးချင်းသက်သောင့်သက်သာဖြစ်လာသည်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now