"ဟင် မတွဲပါဘူး"

"မင်းသူ့ကို ယုံလား Wonwoo "

"ယုံတယ်လည်းမဟုတ်ဘူး"

"မယုံတယ်လည်းမဟုတ်ဘူးပေါ့"

Minghao က စကားကိုဝိုက်ပြောလိုက်တော့ Wonwoo ကတိတ်သွားတယ်။ ငြိမ်ကျသွားတဲ့ Wonwoo မျက်နှာထားကြောင့် သူစကားမဆက်မိတော့ပါ။ လူတစ်ဖက်သားကို သက်သေမရှိသေးဘဲ သံသယများနေတာ မကောင်းမှန်းသိပေမဲ့ Wonwoo မှာ သူအခင်ဆုံးသူငယ်ချင်း။ Wonwoo နာကျင်မှာကို Minghao ဟန့်တားရမည်။

//

"Mingyu "

လေ့ကျင့်ရေးဆင်းလို့ ခေတ္တနားနေကြတုန်း Minghao Mingyu ဆီသွားမိသည်။

"Minghao လား၊ Wonnu မပါဘူးလား"

သူခေါင်းခါပြလိုက်သည်။ အဲ့တော့မှ Mingyu က သူ့ကို ဘာကြောင့်လာတာလဲ မေးသည်။

"ငါမေးစရာရှိတယ် Mingyu "

"အေး မေး"

"မင်း Wonwoo ကိုတကယ်သဘောကျတာလား"

Mingyu ကချက်ချင်းမဖြေပါ။ သူ Minghao မျက်နှာထားကို အရင်စူးစမ်းနေသည်။ နောက်မှ

"မင်းကဘယ်လိုထင်လို့လဲ"

"ငါ့ထင်မြင်ချက်ကအရေးကြီးလို့လား"

"ငါWonnu ကိုသဘောကျမကျ မင်းသိဖို့ကော လိုလို့လား"

Minghao က Mingyu ကို ခက်ထန်ထန်တစ်ချက်ကြည့်မိသည်။ သူ့အဖြေကို Minghao မနှစ်မြို့ပါ၊ ပေါ့ပျက်သည်ဟု ယူဆမိသည်။

"မင်းWonwoo ကို တကယ်သဘောမကျရင် အနားကထွက်သွားလိုက်"

"ဘာဆိုင်လဲ"

"အချစ်ဆိုတာကလေ အတုအယောင်က ပိုစစ်မှန်နေတာမျိုး။ မင်းဘာမဆိုင်ညာမဆိုင် Wonwoo အနားရောက်လာပြီး မြူဆွယ်တယ်၊ အားရပြီဆိုမှ ထွက်သွားမယ်တော့မကြံနဲ့။ ငါတောင်းဆိုတာပါ"

"မင်းကငါ့ကို လိမ်နေတယ်ထင်တာပေါ့၊ စိတ်ချ၊ အကြံအဖန်မဟုတ်တဲ့ အမှန်အကန်နဲ့ပဲ ရှေ့ဆက်သွားမှာ"

Mingyu ကထိုသို့ပြောပြီး ရေဘူးကိုယူကာ အခန်းထဲကထွက်သွားသည်။ Minghao ထိုအခါမှပြုံးမိသည်ထင်သည်။ စိတ်အေးစွာနဲ့ အတန်းထဲပဲ ပြန်သွားခဲ့လိုက်သည်။ Wonwoo သာ သည်အကြောင်းသိရင် Minghao ကိုစိတ်ဆိုးလောက်မည်ပင်။ ဒါပေမဲ့လည်း သူ့စေတနာကို နားလည်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ သူအတန်းထဲပြန်တုန်း Jun ဆီက စာတစ်စောင်ဝင်လာသည်။ သူပေးထားတဲ့စာအုပ် ဖတ်ပြီးပြီလား ဟုမေးထားသည်ပင်။ Minghao ပြုံးလိုက်ပြီး စာပြန်လိုက်သည်။

"DANCIN' On to Your Heartbeat"Where stories live. Discover now