Bloody Love part- 41🖤

Start from the beginning
                                    

လျစ်လျူရှုတာမဟုတ်

ကိုယ့်အခြေအနေက အဆိုးဘက် ရောက်နေတာမလို့ ကောင်လေးအား မထိခိုက်စေချင်.....

ထို့ကြောင့် ကောင်လေးအား ခဏတာ ရှောင်နေချင်းကို ဒီကောင်လေးက သူ့ဘာသာ လျှောက်ထင်နေလေရဲ့....

"ဘာလို့အဲ့လိုထင်တာလဲ...."

ကြည့်သူအပေါင်းကတော့ ပါးစပ်အဟောင်းသားနဲ့ အံ့သြလျက်....

ဒါ သူတို့၏ သခင်မမှ ဟုတ်ရဲ့လားလို့ မေးလိုက်ချင်သည်...

ထင်တော့လဲထင်ချင်စရာ

တအီအီငိုနေသော ကောင်လေးရှေ့မှာ ထူးထောက်ပြီး ပါးပြင်ပေါ် လိမ့်ဆင်းနေသော မျက်ရည်များကို တယုတယ ဖွဖွချင်း သုတ်ပေးနေလေရဲ့....

(Faတွေမှာ မဖြစ်ဘူးတဲ့အရာပေါ့🗿)

"ဟင့်...အ့ဆို နောင် နဲ့အကြည့်ဆုံတိုင်း ဘာလို့မျက်နှာလွဲတာလဲ...."

ကလျာတစ်ယောက် ဆွံ့အနေရသည်...

ကြာရင် နှလုံးရောဂါ ရပြီး သေတော့မယ်....

ထိုကောင်လေးက ဒါကိုမသိလေသလားပါဘဲ...

"ထ...လောလောဆယ်.... ကြမ်းပြင်ပေါ်က ညစ်​ပတ်တယ်...."

"ဟင့်..."

သူပြောတာကို လျစ်လျူရှုကာ ခြေဆင်းပြီးတောင် ထိုင်နေလေရဲ့.....

"ရှိင်းရင့်နောင်...."

နာမည်အရင်းကို ခေါ်လိုက်သော်လည်း မျက်စောင်းချီကာ ဘေးဘက်ကို လှည့်ထားလေသည်...

ဆိုလိုချင်တာက သူ့ကိုပြစ်ထားလို့ ပြန်ပြီး လျစ်လျူရှုတယ် ဆိုသည့်သဘောမျိုးပင်.......

"အင့်....မာမီ!! ချပေး!"

"အခန်းထဲကျမှ ချပေးမယ်!"

လုံးလုံးမှ မထသော အကောင်ပေါက်ကို အသဲယားလာတာကြောင့် ပွေ့ချီကာ အခန်းစီ ခေါ်သွားလိုက်သည်....

ကျန်ခဲ့တဲ့ သူတွေကတော့ ဒေါ့ဖုဒ်တွေ တစ်ဝကြီး စားလိုက်ရတာကြောင့် သူတို့ကို မေတ္တာပို့နေလေရဲ့-_-

.........................

Warning! ! Part👇👇

"လွှတ်ပေး....အာ့...."

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now