' mission point ကဘယ်လိုဖြစ်တာလဲ ဆဲဗင်း '

[ ဟို 07 ပြောတာတော့ စိတ်ကြွဆေး 250 ဝယ်ယူတုံးက ဖြတ်လိုက်တာတဲ့ ]

' ဪ ဪ ချစ်တီးကုလားက ဒါကျမှတ်မိသားပဲ '။

[ ဟုတ်ကဲ့ host နောက်ကမ္ဘာသွားဖို့ ပညာသင်ယူရပါမယ် သရုပ်ဆောင်ပညာပါ အရှေ့ကအနီရောင် တံခါးရောင်တံခါးကြီးထဲဝင်သွားလိုက်ပါ ]

ထူးခန့်ပိုင်လဲ သူ့ရှေ့ပေါ်လာတဲ့ အနီရောင်တံခါးကြီးထဲဝင်သွားလိုက်သည်။ ထိုတံခါးနောက်မှာတော့ ကွင်းပြင်ကျယ်ကြီးတစ်ခုကို တွေ့ရမှာဖြစ်ပြီး ကွင်းပြင်ကြီးနဲ့မနီးမဝေးရှိ သစ်ပင်ပေါ်တွင်တော့ လူတစ်ယောက်ထိုင်နေတာကို သေချာကြည့်ရင်မြင်ရပါလိမ့်မည်။ ထိုလူက ထူးခန့်ပိုင်ကိုတွေ့တော့ အပင်ပေါ်ကာဆင်းကာ

< မင်းက system 017 ပို့လိုက်တဲ့ တာဝန်ထမ်းဆောင်သူမလား >

' ဟုတ်ကဲ့ '

< အင်း အရင်ဆုံး ဒီစည်းကမ်းချက်တွေကို အလွတ်ရအောင်ကျက် ငါအိပ်လိုက်ဦးမယ် >
ဆိုကာ စာလိပ်လေးအား ထူးခန့်ပိုင်ကိုပေးလိုက်ပြီး စောနကအပင်ပေါ်တက်ကာ အိပ်နေလေသည်။

ထူးခန့်ပိုင်လဲ သူကျက်ရမဲ့စည်းကမ်းချက်တွေကို ကြည််ကာ အော်ငိုချင်စိတ်ပေါက်သွားတော့သည်။ စည်းကမ်းချက်တွေရေးထားတဲ့ စာလိပ်ကမြေပြင်ပေါ်မှာ ပုံနေသည်အထိ ရှည်မယ်လို့မထင်ထားတာအမှန်ပင်။

တစ်ဖက်တွင်တော့ ဆဲဗင်းတစ်ယောက် သူ့ host သွားရမဲ့ကမ္ဘာအား အပီအပြင်ရွေးနေတော့သည်။ သရုပ်ဆောသ်ပညာသင်ထားတာကြောင့် အများစုက ရုပ်ရှင်လောကတွေသာ။ ဆဲဗင်းလဲ ထိုထဲမှ လက်ရွေးစင် ကမ္ဘာ ၅ ခုကို အကြိုက်တွေ့နေပြီး ဘယ်ကမ္ဘာပို့ရမလဲစဥ်းစားရခက်နေလေသည်။ သူ့၏လက်တွေကလဲ ဖန်သားပြင်ပေါ်ရှိ ကမ္ဘာ၅ခု ပိုစတာအားဟိုဘက်ဒီဘက်ရွေ့ကာ ကျပန်။ရွေးဖို့ပြင်နေစဥ်

< ဆဲဗင်း!!! > ဆိုတဲ့ ပိုင်ပိုင်ရဲ့အော်သံကြောင့် လန့်သွားကာ ကမ္ဘာရွေးနေတဲ့လက်ကလဲ လက်ရွေးစင် ၅ခုရဲ့ဘေးနားက ပယ်ထားတဲ့ ကမ္ဘာကို နှိပ်မိသွားတော့သည်။

[ ဟိုက် သွားပြီ ဂါး ဒီကြောင်စုတ် ဘာလို့အဲ့လောက်အသဲအကျယ်ကြီးအော်ရတာလဲ မင်းကြောင့် လွဲကုန်ပြီ  ]

ဗီလိန်အားကယ်တင်ခြင်း  ( System  )Where stories live. Discover now