"ရှင်သရဲတွေကိုကြောက်တယ်ဆိုတာ ကျွန်မယုံတောင်မယုံနိုင်ဘူး"

  စုယန်သည်မိမိထံလေးလေးနက်နက်ကြည့်လာသည်။

  "ငါသရဲကြောက်တယ်လို့ဘယ်သူပြောလဲ။ငါပြောခဲ့သားပဲ။သရဲဆိုတဲ့အရာတွေကဒီကမ္ဘာပေါ်မှာမရှိဘူးလို့။ငါကတည်ရှိမနေတဲ့အရာတွေကိုဘာကြောင့်ကြောက်ရမှာလဲ"

  "ဒါပေါ့ ဒါပေါ့ ဒါပေါ့။ဒီကမ္ဘာပေါ်မှာသရဲမရှိပါဘူး။စိုးရိမ်စရာမရှိဘူးနော်..."

  မိမိသည် စုယန်၏နောက်ကျောအားနှစ်သိမ့်သလိုအမူအယာဖြင့်ပုတ်ပေးလိုက်သည်။

  မိမိသာဤတိုက်ခန်းတွင်အိမ်‌ေနသရဲများစွာရှိနေပြီးကြောင်းသာ သူ့အားပြောလိုက်ပါက သူသည်အဓိပ္ပာယ်မရှိကြောက်လန့်ကောင်းကြောက်လန့်နေပေလိမ့်မည်။ထပ်ပြောရလျှင် မိမိအားကန်ထုတ်ပစ်လိုက်မည်ကိုတော့ မိမိကြောက်လေသည်။ထို့ကြောင့် သူ့အားနည်းနည်းခြောက်လှန့်ပြီးသည်နှင့် မိမိသည်ခုန်‌ေပါက်ကာအခန်းဆီပြန်သွားလိုက်သည်။

  မိမိသည်အိပ်ခန်းပြတင်းပေါက်အားအချိန်အတော်ကြာငေးကြည့်နေလိုက်သည်။ဧည့်ခန်းထဲတွင်သရဲတစ်‌ေကာင်ရှိမ‌ေန‌ေသာ်လည်း မိမိအခန်းထဲတွင်တော့တစ်ကောင်ရှိလေသည်။

  မိမိသည်အခန်းတံခါးအားလော့ခ်ချပြီးသည်နှင့် ခုံအားမ ရွှေ့ကာအငယ်မအားရှာရန်ပြတင်းပေါက်နားတွင်ထိုင်လိုက်သည်။

  "သရဲတစ်ကောင်ဖြစ်လာရတဲ့အချက်ကို ငါ့ဆီအမှန်အတိုင်းပြောပြပေးမလား။နင်ကပုခုံးပေါ်ထမ်းမထားနိုင်ဘူးလေ။နင့်လက်တွေကရိုက်ဖို့ကိုတောင်မမြှောက်နိုင်ဘူး။နင်ကနင်ထိတွေ့ချင်တဲ့လူကိုလည်းမထိနိုင်ဘူး။ဒီကမ္ဘာမှာဆက်နေ နေရတဲ့အချက်ကဘာလဲ။နင်ဘာလို့မထွက်သွားနိုင်သေးတာလဲ။နင်အရမ်းတမ်းတနေရတဲ့၊ဆုပ်ကိုင်ထားချင်နေတဲ့တစ်ခုခုရှိနေလို့လား"

  ရုတ်တရက်ဆိုသလိုပင် ဤနှစ်များတစ်လျှောက်မိမိစိတ်ထဲရှိနေသည့်မေးခွန်းများအားအငယ်မ‌ဆီမေးလိုက်သည်။

  သူမ၏အသက်မဲ့နေသောမျက်ဆံများသည် အသက်ဝင်လာကာ အငယ်မသည်မိမိအားတစ်ခုခုပြောချင်နေသလို ခိုင်ခိုင်မာမာစိုက်ကြည့်နေသည်။သူမ၏မျက်လုံးများအားပြူးကျယ်‌ေန‌ေအာင်ဖွင့်လိုက်ကတည်းမှ သူမမျက်ခမ်းစပ်များမှနေ တောက်ပသောသွေးနီနီများမှာ ပြည့်လျှံထွက်လာတော့သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now