Ch 9- နှလုံးခုန်သံ

Start from the beginning
                                    

တွေဝေမှုတွေအပြီးမှာသူတို့ကအိမ်ကြီးရဲ့မြေအောက်ခန်းထဲကဆားစက်ဝိုင်းထဲရှိနေကြောင်းသတိထားမိသွားတယ်။ဇာတ်လမ်းကကုချန်ကတစ္ဆေဝင်ပူးခံထားရကြောင်းဖော်ထုတ်လိုက်ပြီးသူတို့ထဲကတစ်ယောက်ကိုဓားနဲ့ထိုးလိုက်တဲ့အချိန်ကိုပြန်ရောက်သွားပုံပဲ။

ခေါင်းထဲကမှတ်ဉာဏ်အပိုင်းအစတွေကိုဆက်ကြည့်ပြီးတဲ့နောက်မှာဘာဖြစ်ခဲ့မှန်းကျိနင်းနားလည်သွားတယ်။

သတိလစ်ပြီးတဲ့နောက်မှာဟယ်ရီနော့စ်ကမှတ်ဉာဏ်တွေကိုပြန်ပြင်လိုက်ပြန်ပြီ။သူတို့နမ်းတဲ့အခန်းကိုဖျက်ပစ်လိုက်ပြီးကုချန်အမျိုးသမီးဇာတ်လိုက်ကိုမတိုက်ခိုက်ခင်ကအခန်းတွေအားလုံးကိုဖျက်ပစ်လိုက်တယ်။ဥပမာလိကွေးသူ့ခံစားချက်တွေကိုကျိနင်းစီဝန်ခံတဲ့အခန်းမျိုးတွေ။

ကျိနင်းတစ်ယောက်ထဲရဲ့မှတ်ဉာဏ်တင်မဟုတ်ဘဲရိုက်ကွင်းမှာရှိတဲ့လူအားလုံးရဲ့မှတ်ဉာဏ်တွေကပြုပြင်ခံထားရပုံပေါ်တယ်။ဟယ်ရီနော့စ်ပြင်ပေးလိုက်တဲ့မှတ်ဉာဏ်တွေအရဖွက်ထားတဲ့ကင်မရာတွေမှာပြဿနာပေါ်လာပြီးအကြာကြီးပြင်လိုက်ရတယ်။အဲ့ဒါကြောင့်ပြန်ရိုက်ကူးဖို့မြေအောက်ခန်းထဲရောက်‌ေနကြခြင်းဖြစ်တယ်

အကျဉ်းချုပ်လိုက်ရင်ဟယ်ရီနော့စ်ကသဝန်တိုပြီးရိုက်ကူးထားတာတွေကိုဖျက်ပစ်လိုက်တာကြောင့်သူတို့ပြန်ရိုက်ကူး‌ဖို့ဖြစ်လာတယ်။

ဒါပေမဲ့ဒီတစ်ခါမှာရောကုချန်ကသူနဲ့အမျိုးသမီးဇာတ်လိုက်မှာဘယ်သူ့ကိုဓားနဲ့ထိုးဖို့ရွေးချယ်မှာလဲ။

အတွေးတွေကျိနင်းခေါင်းထဲပေါ်လာချိန်မှာပဲနောက်ကျောမှာနာကျင်မှုကိုခံစားလိုက်ရပြီးမြေကြီးပေါ်လဲကျသွားတယ်။သုံးဖက်မြင်ကသူ့ပတ်ပတ်လည်မှာသွေးအိုင်ကိုဖန်တီးလိုက်တယ်။ကုချန်ကသူ့နားကပ်လာကာမကောင်းဆိုးဝါးမျက်လုံးတွေနဲ့ကြည့်နေတယ်။

ကုချန်ဓားနဲ့ထိုးလိုက်တာသူထင်တယ်။ဒါဆိုရင်ဇာတ်လမ်းကလမ်းကြောင်းမှန်ပေါ်ပြန်ရောက်သွားပြီလား။

နာကျင်မှုကိုခံစားနေရပေမဲ့ကျိနင်းစိတ်သက်သာရာရသွားတယ်။မူရင်းဇာတ်လမ်းအတိုင်းမျက်လုံးတွေကိုပိတ်ပြီးအားနည်းချင်ယောင်ဆောင်လိုက်တယ်။မြေအောက်ခန်းကနေထွက်ပြေးလာပြီးကျန်တဲ့ဇာတ်ညွှန်းအတိုင်းသရုပ်ဆောင်လိုက်တယ်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now