အပိုင်း(၁၅)

146 8 1
                                    

ရှိုင်း အိမ်ပြန်ရောက်ထဲက ကို့ကို့အား ဖုန်းခေါ်ပေမဲ့ မကိုင်သောကြောင့် ဒီနေ့ ကုမ္မဏီရှေ့ သွားစောင့်နေခြင်းဖြစ်သည်။ လာတုန်းကတော့ ကိုကို့ ကိုချော့မယ် ဆိုပြီးလာတာဘဲ ဟိုရောက်မှ ပြသနာကစတာ ကိုကိုကားပေါ်မှ ဆင်းလာသည်နှင့် ပါလာသော အိတ်အား ရှိုင်း ကူ၍သယ်ပေးသည်။ ကိုကိုကမပေးဘဲအတင်းပြန်ဆွဲတော့ အများအမြင်မှာ အတင်းဆွဲလုနေတဲ့ သူခိုး ဂျပိုး ချောချောလေးအဖြစ်မြင်ကြတာပေါ့ ဒါတွေကပြသနာမဟုတ်သေး။ အဓိက ပြသနာက ဦးဝနရဲ့သား ကိုကို နဲ့သူ့ကြားဝင်ကာ မသိရင်သူက လူဆိုးလက်ထဲက မင်းသမီးလေးကိုကယ်မဲ့ ကောင်ပေါ့

" အစ်ကို ဘာဖြစ်နေတာလဲ အဆင်ပြေရဲ့လား ”

" မပြေဘူး စက်ပိုင် မင်းအိတ်သယ်ပြီး လိုက်လာခဲ့”

" ဒါဘာသဘောလဲကိုကို ရှိုင်းသယ်ပေးမလို့လေ ”

" ကြားတယ်နော် အစ်ကိုက သူ့အိတ် ငါ့ကိုသယ်ခိုင်းတာ ”

" မလိုဘူး ”

လှည့်မကြည့်ဘဲ ထွက်သွားသော ကိုကို့နောက်သို့ အပြေးလိုက်ကာ ကိုကိုဝင်သော အခန်းထဲသို့ ဝင်မည်အပြု

" မင်း ဘာလို့ လိုက်လာတာလဲ စက်ပိုင် မင်းကို အိတ်ယူခဲ့ခိုင်းတာလေ ကျစ်… မင်းထွက်သွား စက်ပိုင် နောက်ခါ အားလုံးကိုသေချာမှာထား အပြင်လူ မဝင်စေနဲ့ ”

" ဟုတ်ကဲ့ အကို ”

ကြားတယ်နော်ဆိုတဲ့ အောင်နိုင်သူ အပြုံးနဲ့ပြုံးပြနေသော ကောင်အား တစ်စစီ အမှုန့်ချေပြစ်ခြင်သည်။

"ကိုကို့ ရှိုင်းကို တစ်ခြားသူတွေထက် အရေးမပါသလို မဆက်ဆံနဲ့ ”

" မင်းက ငါ့အတွက် အရေးပါမနေဘူး ”

ဟင်းးးးး ဒီလောက်ရှင်းပြနေတာကို ဘာလို့လက်မခံနေရတာလဲ ရှိုင်း ကိုကိုအခန်းထဲဝင်သွားသည်မှ ထိုင်စောင့်နေတာ ခုဆို ၁၂ တောင်ခွဲနေပြီ ခုထိမထွက်ခဲ့သေး

"မင်းအခုထိမပြန်သေးဘဲ ဘာလုပ်နေတာလဲ ”

စက်ပိုင် ကိုကို့အခန်းထဲကို အကြောင်းမရှိ အကြောင်းရှာ ဝင်ထွက်နေတာ ခနခန ကိုကိုကသူ့ကိုမဝင်ခိုင်းမှန်းသိလို့ တမင်သက်သက်လုပ်ပြနေတာ သိတာပေါ့

ချစ်မိသည်ဆိုရာဝယ်Hikayelerin yaşadığı yer. Şimdi keşfedin