အပိုင်း (၈)

132 4 0
                                    

ဒီနေ့ကိုကိုလာကြိုမှာမို့ စောစောထကာပြင်ဆင်နေလိုက်တယ် အရင်နေ့တွေကလည်းချောတယ်ဆိုပေမယ့် ဒီနေ့က ပိုပြီးချောနေရမယ်လေ နှုတ်ခမ်းပေါက်ထားတာလေးကိုလည်း ခနခနပြန်ကိုက်ပေးနေရသည် အမြန်ပျောက်သွားလို့မဖြစ် အောက်ထပ်ကိုဆင်းသည်နှင့် အလှလေးသင်းယုအားခါးလေးမှဖက်ကာ လည်တိုင်၌ခေါင်းလေးတိုးဝှေ့လိုက်တော့

  " မေ့ချစ် မနေ့ကကျောင်းမှာရန်ဖြစ်ကြတယ်ဆို”

  " ဘယ်သူပြောလဲ ”

မနက်စာထိုင်စားနေသော တစ်ယောက်ထဲရှိတဲ့အဖေဖြစ်သူအားကြည့်လိုက်တော့

အမယ်ငါ့များလာကြည့်နေသေးတယ် သူ့ကိုဘဲငါကကြောက်ရမယ်ရှိသေး

  " လာမကြည့်နဲ့ ”
 
" ဖေဖေပြောတာမလား”
 
"ပြောတော့ဘာဖြစ်လဲ ”
 
"စိတ်ပုတ် ”
 
  "မအိုခင်ထဲက ခါးကုန်းနေတဲ့ကောင်ကများ”

သူ့မိန်းမအား အရပ်မှအားမနာ ခါးကြီးကုန်းကာဖက်ချွဲနေသာကြောင့်ရော ကြည့်မရသာကြောင့်ရော ပေါင်းကာပြောလိုက်ခြင်းပင်
 
  "ဖေကြီးနော် မနာလိုမနေနဲ့ မနာလိုလို့လဲ သားလိုဖေကြီးအချစ်ခံမနေရဘူး နော့မေ”

  "ဒါပေါ့ ”

"မိန်းမနော်  ငါတို့ကတယောက်နဲ့တယောက်အရင်ချစ်ခဲ့ကြတာပါ ကိုယ်တို့အချစ်လွန်ပြီး ဒီကောင်ထွက်ခဲ့တာမဟုဘူးလား”

မှတ်ပီလား မင်းငါ့ကိုမနိုင်ပါဘူး ငါလုပ်လို့မင်းလူဖြစ်ခဲ့တာပါကွ ဟား  ဟား
အနိုင်ရသူကြီးလို ပြုံးနေသောမျက်နှာက ကြောက်စရာ
 
  "ရှင်ကလေးရှေ့မှာဘာတွေပြောနေတာလဲ နည်းနည်းမှကို အရှက်ကမရှိတော့တာပါလား ”
 
"မင်းသားပြောတာလည်းကြည့်ဦးလေ မင်းက သူထွက်လာတော့ အချစ်လျော့တာ အဲ့လိုလား”

အသက်နဲ့မှမလိုက် နှုတ်ခမ်းကြီးထော်တာကတော့ နည်းနည်းလွန်သွားပီမထင်ဘူးလား ဒါဟာသူ့အဖေပါလို့ပြောရမှာ တော်တော်လေးရှက်မိသည်

  "ကဲပါ ကလေးနဲ့အပြိုင်လိုက်မပြောပါနဲ့တော့ ရှင်အသက်ကြီးလို့ဆံပင်တွေဖြူတဲ့ထိ ကျွန်မကချစ်မှာပါ ဟုတ်ပီလား ”

ချစ်မိသည်ဆိုရာဝယ်Where stories live. Discover now