အပိုင်း (၁၀)

130 4 0
                                    

ကားပေါ်တက်သည်မှစ၍ ရှိုင်း၏ ခြံရှေ့ရောက်သည်ထိ စကားလည်းပြောမလာသလို ကြည့်လည်းကြည့်မလာပါ။သူလည်း ငြိမ်ငြိမ်လေးသာ ကိုကို့အားထိုင်ကြည့်နေခဲ့သည် ကိုကိုရှက်နေတာ သိတာပေါ့။ကားပေါ်ကဆင်းသည်နှင့်

" ကိုကို ကားကိုဂရုစိုက်မောင်းပြန်နော် အိမ်ထဲဝင်တော့မယ် ပြောစရာရှိလားဟင်”

"အဟမ်းးးစောစောအိပ် ဒဏ်ရာကိုလည်းဆေးပြန်ထည့်လိုက်ဦး မနက်လာကြိုမယ်စောင့်နေ ”

" ဟုတ် ဟီးဟီး ”

သွားတက်လေးတွေပေါ်သည်ထိ ရယ်ပြနေသောရှိုင်းကြောင့် ကိုယ်ပါ လိုက်ပြုံးမိသည် ချစ်စရာလေး

" ဝင်တော့ အပြင်မှာအေးတယ် ”

" ဟုတ် ညကျရင်ဖုန်းဆက်မယ်နော် ပြွတ် ”

ဒီကောင်လေးအခု သူ့နှုတ်ခမ်းအားစုတ်သွားတာ နမ်းတာတောင်မဟု ပြီးတော့ ခုနက သူနမ်းခဲ့တာ နှုတ်ခမ်းမပါပါ

ကိုကိုက မျက်နှာလေးတွေနီပြီးရှက်နေပေမဲ့ ရုပ်ကတော့ ခပ်တည်တည်

" ချစ်လို့ ကိုကိုကအဆင်သင့်ဖြစ်တဲ့ချိန်မှ အဖြေပေးလည်းရတယ် ကျွန်တော်စောင့်နိုင်ပါတယ် ”

သျှင်းဘာမှဆက်မပြောဘဲ ကားအား​ေမာင်းထွက်လာခဲ့သည်စိတ်ဆိုးလို့တော့မဟုတ် အဖြေသာမပေးနဲ့ဦးပြောတယ် နမ်းတာတော့နမ်းပြီးသွားပြီ တကယ့်အဆိုးလေး တွေးမိတော့လည်း နှုတ်ခမ်းအားလက်ကလေးနဲ့ အသာထိလိုက်ကာ ပြုံးမိပြန်သည်။

.............................

ရှိုင်းအိမ်ထဲဝင်ခဲ့သည့် ခြေလှမ်းများက တက်ကြွပေါ့ပါးလွန်း၍​ လေပေါ်ပျံနေသလိုပင် ဒီနေ့တော့ရေ မချိုးတော့ဘူး ကိုကို့ အနမ်းတွေ ဘယ်နည်းနဲ့မှ ရေနှင့်အတူ အပါမခံချင် မနက်မှချိုးမည် ပြီးရင်ကိုကို့ ကိုပြန်နမ်းခိုင်းလိုက်မှာပေါ့

" မေ့ချစ် အောက်ခနဆင်းခဲ့ဦး ပြောစရာရှိလို့”

" ဟုတ် ”

အောက်ထပ်ဆင်းခဲ့တော့ အချစ်ငှက်နှစ်ကောင် နာနတ်သီးအား တစ်ယောက်နဲ့တစ်ယောက်ခွံ့ကျွေးနေကြသည်မို့ လက်ကျန်အသီးများအား ပါးစပ်ထဲအပြည့်ကောက်ထည့်လိုက်သည်။ဘာတက်နိုင်သေးလဲ

ချစ်မိသည်ဆိုရာဝယ်Where stories live. Discover now