အပိုင်း (၉)

130 5 0
                                    

ရှိုင်းကျောင်းသွားရန် စောင့်နေပေမယ့် ကိုကိုက သူ့အား တကယ်ကိုလာမကြိုခဲ့ပါကုမ္မဏီသို့ခေါ်ရန်အဲ့သလောက်တောင်ခက်ခဲနေသလားကျောင်းလည်းသွားချင်စိတ်မရှိတော့

" ဟာရှိုင်း မလာတာကြာပြီ ဘယ်တွေပျောက်နေတာလဲ ငါ့ကောင်ကြီး”

"ကျောင်းဖွင့်ပြီလေဗျာ ”

"ဟုသားဘဲ မင်းကအခုကျောင်းလစ်လာတာလား ”

" omm ”

" လာကွာ အပျင်းပြေ ဘိလိယက်ထိုးရအောင် ”

" ရှုံးရင် တစ်ယောက်တစ်ချက်ထိုးကြေးလား ”

" ဟဲ ဟဲ အဲ့လောက်တော့မလုပ်နဲ့လေကွာ ”

ဆိုဖာပေါ် ခြေချိတ်ထိုင်လျှက် cigarette အားတစ်ရှိုက်ဖွာလိုက်သည်။

" မင်းဆီက အကူညီတစ်ခုလောက်တောင်းချင်လို့ အဆင်​ပြေလား”

" ဘာကို ”

"ငါအခုတွဲနေတဲ့စော်က ဘဲရှိနေမှန်းငါမသိခဲ့ဘူး”

ဆက်ပြောဆိုသည့်သ​ဘော ခေါင်းငြိမ့်ပြတော့

"သူနဲ့အတူရှိနေတုန်း သူ့ဘဲရောက်ချလာပြီးပြသနာရှာသွားတာ ငါ့ကလေး ၃ ယောက် ဆေးရုံတောင်ပို့လိုက်ရတယ် ဒါဘဲလားဆိုတော့မဟုသေးဘူး ငါမရှိတုန်း ဆိုင်ကိုလာပြီး ရိုက်ခွဲသွားတာရစရာတောင်မရှိဘူး”

" ကိုစိုးကြီးရာ ဒါတွေခင်ဗျားဖြစ်နေကျဘဲ ဘာထူးဆန်းလို့လဲ ဖြေရှင်းနေကျတိုင်း ဖြေရှင်းလိုက်ပေါ့ ”

" ငါပြောချင်တဲ့ အဓိကနေရာကိုရောက်လာပြီ သူ့မှာလူအင်အားက အများကြီး အကုန်ထောင်ထွက်လူမိုက်တွေကြီးဘဲ အဲ့တာငါ့ကို လူနည်းနည်းလောက်ငှားကွာ”

shirt အမဲရောင်လက်ရှည်အား တံတောင်ဆစ်ထိခေါက်တင်ထားသောကြောင့် အသားဖြူဖြူပေါ်တွင် သွေးကြောစိမ်းစိမ်းလေးများက အထင်းသား နှုတ်ခမ်းထက် cigarette အားခဲထားပြီး ခပ်ထေ့ထေ့ပြုံးနေပုံက မိန်းကလေးများသာမက သူ့ဆိုင်မှဝန်ထမ်းကောင်လေးများကပင် ကွေးသွားကြရတာ သူ့အမြင်ပင်

"ဘယ်နေ့လဲ ”

" ဖြစ်နိုင်ရင်ဒီနေ့ဘဲစချင်တယ် ဒီကောင်တွေကိုအမုန်းကျွေးချင်နေပြီ ”

ချစ်မိသည်ဆိုရာဝယ်Where stories live. Discover now