အပိုင်း(၁၄)

113 5 4
                                    

ဦးသန့်လွင်၏ ဖိတ်ခေါ်မှုကြောင့်ဤဒေသ၏အထင်ကရ နေရာများအားသွားရောက်လည်ပတ်ခြင်းဖြင့် သတ်မှတ်ထားသည့်ရက်ထက် ၃ ရက်ပို၍ကြာခဲ့သည်။စက်ပိုင်အား ဝင်ပို့တော့ဦးဝန၏ ထမင်းတစ်ခါထဲစားသွားဟူသောဧည့်ဝတ်ကျေမှုကိုလည်း ငြင်းခဲ့ရသေးသည်။အလုပ်ကိစ္စ ချိန်းထားတာမျိုးကြောင့်မဟုတ်ဘဲ ထမင်းအတူစားရတာမျိုး သူမကြိုက်ပါ ဟိုတယ်မှာနေတဲ့တစ်လျောက် အခန်းထဲသို့သာ မှာစားခဲ့သည်။

သျှင်းအိမ်သို့ရောက်သည်နှင့် အပေါ်ထပ်သို့တန်းတက်ကာ ရေချိုးခြင်းကိစ္စအားအရင်လုပ်ရသည်။

"ဒေါက် ဒေါက်

"သားရေ ပြီးရင်ဆင်းခဲ့နော် ထမင်းစားဖို့စောင့်နေမယ် ”

" ဟုတ်ကဲ့ အမေ ”

သျှင်းလာတုန်းက ခန္ဒါကိုယ်မလန်း၍ ရေချိုးခြင်းကိုသာ အာရုံရောက်နေသောကြောင့် အိမ်သို့ရောက်နေကျသော ဧည့်သည်များအားသတိမထားမိ

" လာ သားကိုစောင့်နေကြတာ ”

သျှင်းထိုင်လိုက်သည်နှင့်

" သားနဲ့သိပြီးသားဆိုတော့ မမိတ်ဆက်ပေးတော့ဘူး ညီမလေးသင်းယု ထည့်စား အားမနာရဘူးနော် ကလေးတွေ လာကြတော့နော် ”

ရှိုင်းရဲ့ မိဘတွေရောက်နေကြခြင်းဖြစ်သည်။ဘာ​ကိစ္စကြောင့် လာရလဲ မသိရသေးခင် ဇွဲအား ပွေ့ချီလာသော ရှိုင်းကိုမြင်တော့ သူမျက်မှောင်ကြုတ်သွားရသည်။ ဒီကောင်လေး ဘာလာလုပ်ပြန်ပြီလဲ

" ဟာ ကိုကိုရောက်နေပြီဘဲ ဟီး ဟီး ”

"တိုကြီး တားကိုချပေးတော့လို့”

ဆူပုတ်ပုတ်ပြောနေသောဇွဲလေးရဲ့စကားအား မကြားချင်ယောင်ဆောင်ကာကိုကို့ဘေးသွားထိုင်လိုက်သည်။ဇွဲလေးကလည်းသူ့ပေါင်ပေါ်မှာမနေချင်၍ ယှက်ကန်ယှက်ကန်ဖြစ်နေပေမဲ့ သူမလွှတ်ပေးပါ။

"သားလေးက ဒီမှာပျော်နေတာ အမမြရယ် သူကအကိုတွေအမတွေ လိုခြင်နေတာ ”

" ဟုတ်မှာ ဟုတ်မှာ ”

" ဟုတယ်​ သားဒီမှာ အရမ်းပျော်တာဘဲ ”

" မင်းပျော်လည်း အိမ်တော့ပြန်လိုက်ခဲ့ ”

" ဟာ…”

ချစ်မိသည်ဆိုရာဝယ်Where stories live. Discover now