အပိုင်း (၃)

333 7 0
                                    

" သား ဒီနေ့ည ဦးဝန ရဲ့ညစာစားပွဲသွားရမှာနော် မေ့နေဦးမယ်”
   " သိပါတယ်အမေ ဒါလေးလက်စသတ်ပြီးရင် ရေချိုးတော့မှာပါ ”
    " အေးအေး ပီးရင် မနက်ဖြန် မင်းအမ အိမ်လာလည်မလို့တဲ့ မင်းတူလေးလည်းပါတယ် ”
   " ကျွန်တော့်ပစ္စည်းတွေလျောက်မဖွရင် ရပါတယ်”
    " အေးပါ မင်းမိန်းမယူပီး ကလေးမွေးမှကြည့်ပါဦးမယ်တော်”

​သနပ်ခါးတွေဖြင့်ဖွေးနေမွှေးနေသော ပါးလေးအားတစ်ချက်နမ်းလိုက်တော့ အနမ်းခံရသောသူက သဘောတကျရယ်လေသည်။ ဒေါ်မြသင်းနွယ် ဆိုတာ
မြန်မာဝမ်းဆက်လေးဝတ်ကာ သနပ်ခါးကိုလည်းဖွေးနေအောင်လိမ်းတက်သည်။ အမဖြစ်သူ မြသျှင်းရီ ကအိမ်ကို တစ်လတစ်ခါလာလည်နေကြ သူ့သားကခုမှ လေးနှစ်သာရှိသေးသည်။
 
🍒🍒
" အချောလေး လှလို့ပလို့ ဘယ်သွားမလို့လဲ”
" ဒီနေ့ ညစာစားပွဲလေးရှိတယ်လေ မေ့ချစ်လေးရဲ့”
  "ညစာစားပွဲ”
သူ့ဘာသာရေရွတ်ပြီး အပြေးထွက်သွားသော သားလေးအား အချစ်ပိုရပါသည်၊

  "ဖေကြီး ဒီနေ့ညစာစားပွဲဆို ”
  "ဟုတ်တယ်လေ ဘာလို့လဲ ”
  "ဘယ်သူတွေပါလဲ ဖေကြီး ”
" ဟ. လုပ်ငန်းရှင်တွေပါတာပေါ့ကွ ”
  "ဟိုနေ့က ကိုကိုရောပါလား”
  "ဘယ်ကိုကိုတွေပြောနေတာလဲကွာ မအားရတဲ့ကြားထဲ မင်းအရမ်းအားနေရင် အောက်မှာဆင်းဆော့နေ ”
  " ဖေကြီးကလဲ သားက ကလေးမှမဟုတ်တာ ပြောပါ ဟိုနေ့က ကိုကိုပါလားလို့ ”
  " ပါတယ်ကွာ ပါတယ် ဘာလုပ်မလို့လာလာမေးနေတာလဲ ”
  " ဟီးဟီး  သားလည်းလိုက်ခဲ့မယ်နော် ချစ်ဖေကြီး ”

လုပ်ပြန်ပီ သူ့အရပ်မှအားမနာ ခါးကိုလာဖက်ထားတာ သူချွဲတိုင်းအရေပျော်တဲ့ သူ့အမေများမှတ်နေလားမသိ
   " ပြသနာမရှာရင် လိုက်ခဲ့ ”

🍎🍎
ရောက်ရောက်ချင်း အရင်ရှာနေမိတာ ကိုကို့ကို
  "ဟာ ဦးခန့်ဖြိုးထိုက် ရောက်နေပီဘဲ လာဗျာ”

ဦးဝန ရဲ့ခေါ်ဆောင်ရာလိုက်ခဲ့တော့ တွေ့ပါပီ ပုဆိုးလေးနဲ့ ကိုကိုက သိပ်ခန့်ညားသည်။

  "မိတ်ဆက်ပေးရဦးမယ် ဒါ KH ကုမ္မဏီပိုင်ရှင် ဦးကောင်းစည်သူတဲ့ဒါသူ့ဇနီး ဒေါ်မြသင်းနွယ်
သူကကိုကောင်းရဲ့သား သျှင်းကောင်းထက်တဲ့ ”

ချစ်မိသည်ဆိုရာဝယ်Kde žijí příběhy. Začni objevovat