အပိုင်း(၇)

240 7 0
                                    

ရှိုင်းရုံးခန်းကထွက်သည်နှင့်နာကျင်နေပါတယ်ဆိုသောမျက်နှာလေးကချက်ခြင်းတည်သွားပြီးခနအကြာချက်ခြင်းပြန်မဲ့ကျသွားသည်။သူဆက်ပြီးနာနေရဦးမယ် နှုတ်ခမ်းလေးလဲနာတယ်၊ပါးလေးလည်းနာတယ်၊ခြေထောက်ကလည်းနာတယ် အထူးသဖြင့် လက်ကပိုနာတယ် အဲ့တော့ သူဘယ်လိုမှတစ်ယောက်ထဲပြန်လို့မဖြစ် သူ့ကိုပြန်ပို့ပေးဖို့ လူတယောက်လိုကိုလိုသည်။

တူ......တူ......တူ......ဖုန်းမကိုင်သောကြောင့် messageပို့ရန်သာပြင်လိုက်ပြီး

"ကိုကို ကျွန်တော့်ကိုအမြန်လာကြိုပေးပါ ကျွန်တော်ကျောင်းတွင်းအနိုင်ကျင့်ခံခဲ့ရတယ် သွေးတွေထွက်နေပြီး လမ်းလည်းမလျောက်နိုင်ဘူး တစ်ယောက်ထဲမပြန်ရဲဘူးကိုကို😢😢"

သျှင်း ဧကရီအား နားမလည်သည်များ​ကိုရှင်းပြနေတုန်း ရှိုင်းဆီကဖုန်းလာတာမို့မကိုင်လိုက် သူနဲ့ကင်းနိုင်သလောက်ကင်းအောင်နေရမည် message ထပ်ရောက်လာလို့ကြည့်လိုက်တော့ မျက်လုံးပင်ပြူးသွားရသည်။အနိုင်ကျင့်ခံရသည်တဲ့လားသွေးတွေထွက်ပြီးလမ်းတောင်မလျောက်နိုင်တော့ဘူးဆိုတော့ အခြေနေတော်တော်ဆိုးမည်ထင် ကားတော့အားဆွဲကာ ရှိုင်းအားသွားကြိုရန်လောနေသောကြောင့် ဧကရီအားမေ့သွားရသည်။

" သျှင်းဘယ်သွားမလို့လဲ " အသံကြားမှဧကရီအားသတိရကာ
"ကိုယ်အရေးကြီးသွားစရာရှိလို့ ဧကရီ ကိုယ့်အတွင်းရေးမှူးကိုပြောခဲ့မယ် နားမလည်ရှိရင်သူ့ကိုမေးလိုက်နော်"
ဘာမှပြန်ပြောချိန်မရလိုက် အလျင်စလိုထွက်သွားပုံထောက်ရင်တော်တော်အရေးကြီးတဲ့ကိစ္စဖြစ်ပေလိမ့်မည်။
သျှင်းကားကိုကျောင်းဝင်းထဲထိဝင်သွားလိုက်ပြီး ရှိုင်းအားစိုးရိမ်တကြီးလိုက်ရှာနေမိသည်။အပင်ခြေရင်းအောက်ငုတ်တုတ်ထိုင်နေသောရှိုင်းအားတွေ့သည်နှင့် ခန္ဒါကိုယ်အားထိခိုက်မှု များ မများစစ်ဆေးပြီးမှ ရှိုင်းမျက်နှာအားကြည့်မိလိုက်သည်။နှုတ်ခမ်းပေါက်ရုံမျှသာရှိသော်လည်း ငိုထားသောကြောင့် မျက်လုံးလေးများက မို့အစ်နေပြီး တော်တော်နာနေပုံဖြင့်
"ကိုကို"
"အင်း ဘယ်နားနာနေသေးလဲ"
" တစ်ကိုယ်လုံးနာနေတယ် လမ်းမလျောက်နိုင်တော့ဘူး "
" ဟုလား ကိုယ်တွဲပေးမယ် ကားပေါ်တက် ခြေထောက်အဆစ်များလွဲသွားလားမသိဘူး ဆေးခန်းအရင်ဝင်ပြရအောင် "
"ဟင့်အင်းမပြဘူး ခနနေဆိုသက်သာလောက်ပြီ အိမ်မှာက မေမေရော ဖေဖေရော မရှိဘူး ကိုကိုဘဲဆေးလိမ်းပေးလေနော် "

ချစ်မိသည်ဆိုရာဝယ်Waar verhalen tot leven komen. Ontdek het nu