Ch 8 - မူရင်းဇာတ်လမ်းထဲမှာနမ်းတဲ့အခန်းမပါဘူးလေ!

ابدأ من البداية
                                    

မူရင်းဝတ္ထုထဲမှာထိုသို့သောအပြောင်းအလဲမျိုးရှိခဲ့သည့်အတွက်ကျိနင်းကကုချန်သူ့ကိုဓားနဲ့ထိုးမှာကိုမသိဟန်ဆောင်ကာအသင့်ပြင်ထားခဲ့သည်။ဒါပေမဲ့အထိုးခံလိုက်ရသူကအမျိုးသမီးဇာတ်လိုက်ဖြစ်နေကာကုချန်ကသူပြောရမဲ့စကားကိုသူ့ကိုပြောလာသည်။

နိဂုံးချုပ်ကသိသာလွန်းသည်။‌အကြောင်းအရင်းမသိပေမဲ့heroineဇာတ်ကောင်ကသူ့စီရောက်လာပြီ။ဆိုလိုတာကကုချန်ရဲ့သရဲချစ်မိ‌နေသူကသူပင်ဖြစ်သည်။

ကုချန်ကကျိနင်းရဲ့မျက်နှာကိုပွတ်သပ်ကာနှုတ်ခမ်းတွေကနည်းနည်းလေးမြင့်တက်သွားတယ်။သူ့ရဲ့အရှိန်အဝါကတစ်ဖက်လူကိုယုံကြည်မှုတွေပျောက်ဆုံးသွားစေသည်။သူကပြုံးနေပေမဲ့မျက်လုံးတွေကအေးစက်ပြီးမှောင်မိုက်နေကာလူသားနဲ့မတူတဲ့အေးစက်စက်အမူအယာတစ်ခုရှိနေသည်။

ဟောဝူလင်းမဟုတ်သရွေ့တော့ကျိနင်းစိတ်သက်သာရာရသွားသည်။

အတွေးတွေကစိတ်ထဲချက်ချင်းပေါ်လာကာအမျိုးသမီးဇာတ်လိုက်သရုပ်ဆောင်ရမဲ့အခန်းတွေကိုမူရင်းဝတ္ထုအတိုင်းလိုက်ပြီးသရုပ်ဆောင်လိုက်သည်။

ကုချန်လက်ကိုဘာကိုမှဂရုမစိုက်သလိုတွန်းပစ်လိုက်ကာဒဏ်ရာရနေတဲ့အမျိုးသမီးကိုသူ့နားဆွဲပြီးထွက်ပြေးဖို့လုပ်သည်။မင်းသမီးကဒါရိုက်တာရဲ့ညွှန်ကြားချက်ကိုရရှိပြီးသားလားမသိပေမဲ့သူနဲ့အတူကောင်းကောင်းပူးပေါင်းသည်။ကျိနင်းသူမကိုမလိုက်ချိန်မှာသူမရဲ့ဝိတ်တွေအကုန်ကျိနင်းစီမရောက်သွားအောင်ခွန်အားအချို့ကိုသုံးလိုက်သည်။

ကျိနင်းကတွေဝေမှုနဲ့ထိတ်လန့်မှုကိုပြထားပေမဲ့ထိန်းချုပ်ထားတယ်။အဲ့ဒါမှလိုအပ်တာထက်ပိုမနေမှာဖြစ်တယ်။

သူအမျိုးသမီးဇာတ်လိုက်နဲ့အတူထွက်ပြေးသွားတယ်။ကုချန်ကစက္ကန့်အနည်းငယ်လောက်ကြည့်နေပြီးမှနောက်ကဖြေးဖြေးလိုက်လာတယ်။

သူကသက်ရှိလူသားရဲ့ခန္ဓာကိုယ်ကိုအသုံးပြုရတာအသားမကျသေးသလိုမျိုးလှုပ်ရှားတယ်။စစချင်းလှုပ်ရှားမှုတွေကသံချေးတက်နေတဲ့ဂီယာတွေလိုရပ်လိုက်သွားလိုက်ဖြစ်နေပေမဲ့တဖြေးဖြေးချောမွေ့လာပြီးအရှိန်မြင့်လာကာကျိနင်းနဲ့အမျိုးသမီးဇာတ်လိုက်နောက်ကိုလိုက်လာတယ်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးحيث تعيش القصص. اكتشف الآن