Bloody Love part- 35🖤

Start from the beginning
                                    

ကလျာက ဆံနွယ်တွေကို ထိုးဖွရင်း အတုန်တုန်အရင်ရင်ဖြစ်ကာ မျက်ရည်တွေကျနေသော ထက်ဧကရီကို ကြည့်လိုက်သည်....

"Oh God! Look at that"

အသံသြရှရှနဲ့ဘဲ သေနတ်သွားထားနေတဲ့ မင်းနွယ်ကို လှမ်းအော်ပြောလိုက်သည်....

"The Beautiful Girl's Cry"

​ေလှာင်သလိုလိုနှင့် ကြောက်စရာကောင်းလှသည့် အသံဖြင့် ပြောလာတာကြောင့် ထက်ဧကရီ၏ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကြလာကာ ခေါင်းကိုလည်း အတွင်တွင်ခါရမ်းနေတော့သည်....

"အဟက်! မိန်းမလှလေးက ငိုနေတာပေါ့..."

*ချွမ်! ချွမ်!*

"ဝူး....အွန်း..."

ဓားကို တစ်ချွမ်ချွမ်တီးခက်ကာ သူမအနားကပ်လာတာကြောင့် တစ်ဝူးဝူးအော်ကာ နောက်ကိုဆုပ်မိသော်လည်း လူတစ်ယောက်ဖြင့် တိုက်မိပြန်သည်....

မော့ကြည့်မိတော့ နီရဲတောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့်ကြည့်နေသော အံ့ကလျာနွယ်က သူ့အား မဲ့ပြုံးပြုံးပြသည်....

"ကြည့်ပါအုံး သိပ်လှတဲ့ လက်ချောင်းတွေ...."

အံ့ကလျာနွယ်က ထက်ဧကရီ၏ လက်ချောင်း ဖွေးဖွေးတွေကို ဆုပ်ကိုင်ကာ ပြောပြန်သည်.....

ထက်ဧကရီကတော့ အကြောက်လွန်၍ ခေါင်းကိုသာ ခါရမ်းရင်း ရုန်းနေသည်....

သို့သော်လည်း အင်အားကြီးသည့် အံ့ကလျာနွယ်၏ လက်ထဲက သူမမလွတ်မြှောက်နိုင်.....

"ဒီလက်တွေက ဖူးငယ်ကို စော်ကားခဲ့တာ!"

*ဒိုင်း💥*

"ဝူးးးးးးးးအူးးးးဟင့်...ဝူးးးးး"

"အဟားးးးးဟားးးး အဟားးးးးးး သေ! သေလိုက်! အဟားးးးးဟားးးးး"

ထိုအခန်းထဲ၌ အော်ရယ်သံတွေနဲ့အတူ ကူကယ်ရာမဲ့နေသော မိန်းမတယောက်၏ အော်သံတွေက ပျံ့နှံ့နေတာပေါ့....

..................

"​အနောင်!"

"ဟမ် ဟုတ်..."

"အနောင် ဘာဖြစ်နေတာလဲ အာရုံစိုက်ထားပါကွာ"

ကိုတေဇက အားမလိုအားမရဖြစ်သည့်ပုံဖြင့် နောင်နောင့်အား ပြောသည်....

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now