ရှာဖွေမရလေအောင် သတင်းအစအန ဖျောက်ရလောက်တဲ့ထိ ပျောက်ခြင်းမလှပျောက်သွားတဲ့ ကြင်သူနှစ်ဦး အဆင်မှပြေရဲ့ သိချင်မိပါတယ်

Yoongiနဲ့ Taeသာ အလုပ်တွေကိုဆက်လက်ဦးစီးခဲ့ပြီး Jeonအိမ်တော်ဟာတော့ hobiခင်မျာ ထိန်းသိမ်းခဲ့တာ နှစ်မတော်ကြာခဲ့ပြီ။

ကိုမာဝင်ကာ အတိတ်မေ့နေသလား ဟိုလူဆိုးကောင်လေးရော ငိုပဲငိုနေမလား။ အဆင်ပြေပါ့မလား သိပ်စိတ်ပူပါတယ်။

ခြောက်ကပ်ကပ်အိမ်ကြီးထဲမှာ အခန်းလေးနှစ်ခန်းဟာတော့ ယနေ့တိုင် ပနံသင့်တုန်း။

လွန်ခဲ့သော လေးနှစ်မှာ ဘယ်သူလုပ်ကြံမှန်းမသိတဲ့ လုပ်ရပ်တစ်ခုကြောင့် ချစ်ရသူနှစ်ဦး ဘယ်ဆီဘယ်ဝယ်ရှိနေမှန်း မည်သူမျှ မသိခဲ့ရပါ။

ယနေ့တိုင်ဘာမျှမသိရတဲ့ ဇာတ်ဝင်ခန်းလေးဟာ နားမလည်နိုင်စွာ။

ဒီအိမ်ထဲဝင်လာတိုင်း အမြဲအလိုလိုညိုးငယ်သွားတတ်တဲ့ taeနဲ့ yoongi hyung‌ဟာလည်း ဒီနှစ်တွေအတွင်း ပုံမှန်စွာ။

သူတို့တွေလည်း ရသမျှအဆက်အသွယ်တွေနဲ့ ရှာဖွေခဲ့ကြတယ်။ နိုင်ငံတော်တော်များများထိလည်း ပေါက်ရောက်ကြပေမယ့် သတင်းနည်းနည်းတောင် မကြားမသိခဲ့ရ။

မှတ်မိသေးတယ် jetထွက်ခွာသွားတဲ့အခါ

'jungkook ah....boss....'ဆိုတဲ့ အော်သံတွေလွှမ်းကာ မျက်ရည်ဖြိုင်စေခဲ့တာ။ လူဆိုးလို့သာ ခေါင်းစဉ်တပ်ထားတာ မေတ္တာတွေဟာ ကြီးမားလွန်းပါတယ်။ ရင့်သန်တွေယောင်္ကျားတွေ ငိုကြတာ လူတွေသိရင် ကဲ့ရဲ့ကြမှာ‌ဆိုသော်ငြား ။

ကျွန်တော်ကတော့ မျက်ရည်လည်ခဲ့ရတဲ့အထိ သံယောဇဉ်‌တွေ သိမြင်ခဲ့ရပြီးပြီ။

အဆင်ပြေ‌ဖို့ပဲ ဘုရားသခင်က ဆောင်ကျဉ်းပေးတော်မူပါ ။

Daisy



မောင့်အရိပ်Where stories live. Discover now