စကားဆက်မပြောဘဲ 'မယ့်'ဆိုကာ ရပ်တန့်လေတော့ မကောင်းတာတွေရှိနေမှာ သေချာတယ်။
'ဆက်ပြောလေ '
တစ်ဆထက်တစ်ဆ ကျယ်လောင်လာတဲ့အသံတွေဟာ Taehyungဆီမှာ
'ထိုးသွင်းမိတဲ့ဆေးရည်တွေက ဦးနှောက်ဆဲလ်တွေထိ ပျံ့နှံ့သွားခဲ့ပါတယ်။ဦးနှောက်သွေးကြော ဆဲလ်တစ်ချို့ အလုပ်မလုပ်နိုင်တော့တာမလို့ အတိတ်ကိုမေ့စေနိုင်ပါတယ်လို့ ခန့်မှန်းထားပါတယ်။ လူနာဟာ အသစ်ကစသလိုမျိုး ဖြစ်သွားနိုင်ပါတယ်။'
'.....'
'တောင်းပန်ပါတယ် ကျွန်တော်တို့ဆေးရုံကနေ အနူးညွှတ်တောင်းပန်ပါတယ်။ တရားခံကိုလည်း သေချာပေါက် ရှာပေးပါ့မယ်။ ဆေးရုံကပေါ့လျှော့မူအတွက် တောင်းပန်ပါတယ် ဗျာ။'
'မလိုဘူး'
တိကျပြတ်သားလွန်းတဲ့အသံ ဒီအသံပဲ
'ဗျာ'
'ရှာပေးစရာမလိုဘူး တောင်းပန်စရာလည်းမလိုဘူး'
'ဗျာ'
ဒီလူငယ်လေး တစ်ကိုယ်လုံးမှာ သွေးလွှမ်းနေခဲ့ပြီး ကြောက်စရာအတိ။
ဘယ်သူမှစကားမဟရဲသလို မေးမြန်းခြင်းမပြုရဲကြပါ။
Yoongi hyungပြောပုံအရ လူသတ်လာတာသိပေမယ့် လုပ်ကြံသူဟာမည်သူမည်ဝါ မသိသေးသည်မဟုတ်ပါလား။
ဒီကောင်လေး ရိပ်မိသွားတာမျိုးရှိနေခဲ့တာလား ဒါမှမဟုတ် ဘယ်လိုများ။
'Boss ဘာလုပ်တာလဲဗျ '
Jin hyungကို ပွေ့ကာအခန်းထဲက ထွက်လာသူကြောင့်
'မင်းမမြင်ဘူးလား '
'ဒီလိုခေါ်မသွားပါနဲ့ သတိမလည်သေးဘူးလေ ဆေးရုံကစိတ်ချရပါတယ် ပြန်ချထားပေးလိုက်ပါနော်။'
ပါးစောင်အားလျှာနဲ့ထိုးကာ မကြည့်သလိုကြည့်ရင်း ခပ်ထေ့ထေ့မဲ့ပြုံးတစ်ခု ဆင်မြန်းကာ သူ့စကားတွေအား မကြားလေဟန်ဆောင်သူကြောင့် hobiတစ်ယောက် သက်ပြင်းချခြင်းအပ အခြားမစွမ်းသာ။
ဆေးရုံအပေါ်ဆုံးထပ် လေယျာဉ်ကွင်းကနေ ပျံသန်းသွားတဲ့ private jetဟာ ရှင်းရှင်းနားထဲကြားခဲ့တာ အခုဆို လေးနှစ်တင်းတင်းပြည့်ခဲ့ပြီ။
