Ch 7 - နောက်ဆုံးတော့မင်းကိုပိုင်ဆိုင်နိုင်ပြီ

Start from the beginning
                                    

၎င်းဟာဟယ်ရီနော့စ်ရဲ့သူ့အပေါ်ချစ်မြတ်နိုးမှုကြောင့်ဖြစ်‌ေလာက်ပြီးဟောဝူလင်းကြောင့်ဖြစ်လာတဲ့ကြောက်စရာမှတ်ဉာဏ်တွေကိုဖယ်ရှားပေးခဲ့တယ်။ဒါပေမဲ့ဟောဝူလင်းအကြောင်းကိုတိတ်တိတ်လေးစုံစမ်းနေမယ်ဆိုတာသေချာတယ်။

တဖက်မှာလည်းဟောဝူလင်းကဟယ်ရီနော့စ်ကိုရှာနေလောက်မယ်။

ဒီအတွေးတွေနဲ့အတူယခုအခြေအနေကိုဆွေးနွေးဖို့အနာဂတ်ကိုစိတ်ထဲကနေခေါ်လိုက်တယ်။မဖြစ်နိုင်လောက်ပေမဲ့ဒီဇာတ်လိုက်တွေအချိန်ခရီးသွားတာဒါမှမဟုတ်ဝတ္ထုကူးပြောင်းခြင်းတွေအကြောင်းရှာမတွေ့နိုင်တာသေချာစေချင်တယ်။

{စစ်ဆေးမှုကပြုလုပ်နေဆဲပါ။အခုချိန်မှာတော့အမှားဖြစ်ရခြင်းအကြောင်းကိုမသိရသေးပါဘူး။သေချာတာတစ်ခုကတော့အရင်ကသွားခဲ့ဖူးတဲ့ကမ္ဘာတွေအကုန်လုံးကပေါင်းစည်းနေတယ်။}

အနာဂတ်ရဲ့အသံကတော့အရင်လိုပဲအေးစက်နေတယ်။

{‌ဒီကမ္ဘာမှာဟောဝူလင်းရောဟယ်ရီနော့စ်ရောပေါ်လာတာကကမ္ဘာတွေပေါင်းစည်းကုန်လို့ပါ။}

[ကမ္ဘာတွေကပေါင်းစည်းနေတယ်လို့ပြောလိုက်တာလား?]

ကျိနင်းနည်းနည်းထိတ်လန့်သွားတယ်။

[အကယ်၍ဟောဝူလင်းနဲ့ဟယ်ရီနော့စ်ကသူတို့ဒီကမ္ဘာနဲ့မသက်ဆိုင်ကြောင်းသိသွားရင်ကူးပြောင်းခြင်းနဲ့ပတ်သတ်တဲ့အကြောင်းတွေကိုသိသွားမှာမဟုတ်ဘူးလား?]

{အဲ့လိုဖြစ်မှာမဟုတ်ပါဘူး} အနာဂတ်ကပြောတယ် {ကမ္ဘာတွေပေါင်းစည်းသွားရင်သူတို့ကမ္ဘာတွေကဒီစကြဝဠာအတွင်းရှိမတူညီတဲ့ကြယ်စနစ်တွေအတွင်းပြန့်နှံ့သွားမှာဖြစ်ပြီးအများဆုံးမှဒီနေရာကတခြားမတူညီတဲ့galaxyထဲကဆိုတာကိုပဲခန့်မှန်းနိုင်မှာပါ}

ဒီရှင်းပြချက်ကိုကြားမှကျိနင်းခေါင်းညိမ့်လိုက်ပြီးနည်းနည်းစိတ်အေးသွားတယ် [ဒါဆိုရင်တခြားဝတ္ထုထဲကဇာတ်လိုက်တွေရောပေါ်လာနိုင်တာလား]

{ဟုတ်ပါတယ်} အနာဂတ်ကဖြေတယ် {ကမ္ဘာတွေပေါင်းစည်းသွားရင်သူတို့စကြဝဠာ၌အချိန်နဲ့အာကာသပိုင်းဆိုင်ရာမှာပြောင်းလဲမှုတွေဖြစ်လာလိမ့်မယ်။မင်းကြုံတွေ့ခဲ့ရတဲ့ငလျင်ကပေါင်းစည်းမှုကြောင့်ဖြစ်လာတာဖြစ်ပြီးဒီပေါင်းစည်းမှုသာဆက်ဖြစ်နေရင်ဆိုးရွားတဲ့ပြဿနာတွေပေါ်လာလိမ့်မယ်}

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now