မိမိမှာထိုအကြောင်းအားတွေးလေလေ စိုးရိမ်လာလေလေဖြစ်လာတော့သည်။မိမိသည်ရှန်ရှောက်ချင်ထံဖုန်းခေါ်ဖို့ဆုံးဖြတ်လိုက်တော့သည်။

  "အိုး!မင်းအသက်ရှင်‌ေနသေးတယ်ပေါ့လေ"

ထိုသည်မှာရှန်ရှောက်ချင်၏ပထမဆုံးစကားကြောင်းဖြစ်သည်။မိမိသည်ပျော်ရွှင်ရမည်လော စိတ်ပျက်ရမည်လောကိုပင် မသေချာတော့ပေ။

  "မင်းခန္ဓာကိုယ်ရောဘယ်လို‌ေနလဲ"

  မိမိသည်စနောက်ရန်ခံစားချက်ရှိမနေ၍ ထောင့်တစ်နေရာ၌ယာယီပုန်းလိုက်ကာ တီးတိုးပြောလိုက်သည်။

  "ကျွန်မစုယန်ကိုစိတ္တဇလူသတ်သမားနဲ့တွေ့ရအောင် ခေါ်သွားခဲ့တာ။ဒါပေမယ့်အခုသူကတစ်ကယ်ကိုထူးဆန်းနေသလိုပြုမူနေတာလေ။အိမ်အပြန်လမ်းမှာလည်း သူကစကားတစ်ခွန်းမှကိုမပြောဘူး။အိမ်ပြန်ရောက်တော့လည်း သူ့ကိုယ်သူအခန်းထဲလော့ခ်ချထားပြန်ရော။သူအဆင်ပြေ‌ေလာက်မှာပါ ဟုတ်တယ်မလား"

  ရှန်ရှောက်ချင်သည် တဟားဟားရယ်တော့သည်။ဆန့်ကျင်ဘက်ပင် မိမိစိုးရိမ်မှုများအကြောင်းမှာသူ့အတွက်တော့စိတ်အေးလက်အေးရှိနေပုံရသည်။

  "စိတ်မပူပါနဲ့။သူကအဲ့လိုပဲ။သူ့ကိုတစ်ယောက်တည်းထားလိုက်ပါ။မင်းရဲ့နေ့ရက်တွေမှာသူက မတည်ရှိသလို နေထိုင်မနေသလိုသာလှည့်စားနေလိုက်။အချိန်ပြည့်ရင် သူ့ဘာသာထွက်လာလိမ့်မယ်။ဒါပေမယ့် မင်းချောကလက်နည်းနည်းဝယ်ပြီးရေခဲသေတ္တာထဲထည့်ထားလိုက် ...ဒါမှမဟုတ် သကြားဓာတ်ပြန်ဖြည့်ပေးနိုင်မယ့် ချိုတာမျိုးတစ်ခုခုပေါ့"

  "ကောင်းကောင်းကြီးလုံလောက်တယ်ဆိုတာ သေချာတယ်နော်"

  ရှန်ရှောက်ချင်၏အကြံပြုချက်အားကြားပြီးသည်နှင့် မိမိသည်ဇဝေဇဝါဖြစ်သွားရသည်။သို့သော်ထိုသည်မှာသူ၏သူငယ်ချင်းကောင်းလေးမှပြောသည်ဖြစ်တဲ့အတွက် မိမိလည်းလိုက်လုပ်ရပေလိမ့်မည်။

  "ကိုယ်ကအကောင်းပြောနေတာပါ။စိတ်မပူပါနဲ့။စကားမစပ် ကိုယ်မင်းရဲ့တိုက်ခန်းအကြောင်းမနေ့ကမေးခဲ့သေးတယ်။သုံးရက်အတွင်း ဒါမှမဟုတ်ရင်  အကျော်လောက်မှာပြီးလိမ့်မယ်လို့သူတို့ကပြောတယ်။မင်းစုယန်နဲ့နေဖို့ကြိုးစားခဲ့ရမှာပဲ ဟုတ်တယ်မလား။မင်းမကြာခင်လွတ်‌ေမြာက်တော့မှာပါ။နည်းနည်းကြာကြာလေးသာသည်းခံနေလိုက်ရုံပဲနော်!ချီးယားစ်!"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now