Ch 6 - ဘယ်သူ့နှလုံးကိုလိုချင်လဲ?

Start from the beginning
                                    

ဒီလိုထူးဆန်းတဲ့မြင်ကွင်းကြီးနဲ့ကြုံလိုက်ရတာကြောင့်ကျိနင်းကအပြင်မထွက်ချင်ဘူး။ဒါပေမဲ့နောက်ကနေရုတ်တရက်အားပြင်းပြင်းနဲ့တွန်းလိုက်တာကြောင့်အပြင်ကိုရောက်လာတယ်။

တံခါးအပြင်ကိုထိတ်ထိတ်လန့်လန့်နဲ့ခြေလှမ်းလှမ်းလိုက်ချိန်မှာနောက်ကနေဘုန်းကနဲတံခါးပိတ်သွားတယ်။တခြားဆိုင်တွေလိုမျိုးဖန်တံခါးတစ်ချပ်ပေါ်လာပြီးကျိနင်းရဲ့အပြန်လမ်းကိုပိတ်ဆို့ထားတယ်။

ကျိနင်းရဲ့ကိုယ်ပေါ်ကိုကျနေတဲ့အေးစက်စက်မိုးကနေသွေးနံ့ဖျော့ဖျော့ကိုရနေတယ်။လုံးဝပိတ်မိသွားပြီဆိုတာကိုသိတာကြောင့်တောင့်တောင့်ကြီးရပ်နေမိတယ်။

ဟောဝူလင်းပေါ်မလာသေးပေမဲ့ဒါဟာသူ့ကိုအစွန်အဖျားစီဖြေးဖြေးချင်းတွန်းပို့နေပြီးကြောက်အောင်ခြောက်ထားတယ်ဆိုတာသိနေတယ်။

ညအချိန်မိုးသဲသဲမှာကျိနင်းကမိုး‌ေရရွဲ‌ေနတဲ့ညအိပ်ဝတ်စုံကိုတင်းတင်းကြပ်ကြပ်ကိုင်ထားပြီးနှုတ်ခမ်းတွေကိုစေ့ကာလမ်းမပေါ်ဖြေးဖြေးချင်းလျှောက်သွားတယ်။

နောက်ဆုံးမှာတော့သူ့မှာရွေးချယ်စရာမရှိပါဘူး။လျှောက်ဖို့ငြင်းဆန်ရင်တံခါးမှာလိုမျိုးပဲဖြစ်လိမ့်မယ်။ဟောဝူလင်းကသူ့အစားရွေးပေးရင်ပိုဆိုးလိမ့်မယ်။

အရေးမကြီးပါဘူး။ အဆိုးဆုံးကဟောဝူလင်းစီမှာနှိပ်စက်တာခံရလိမ့်မယ်။ ဟောဝူလင်းလက်ထဲမှာသေဖို့နည်းလမ်းရှာနိုင်ခဲ့ရင် 'အနာဂတ်'ကပြန်လည်ရှင်သန်အောင်လုပ်ပေးမယ်လို့ကတိပေးထားတယ်။

ကျိနင်းကစိတ်အေးအောင်လုပ်လိုက်ပြီးမျက်နှာပေါ်ကမိုးရေစက်တွေကိုသုတ်လိုက်တယ်။ဘေးဘဘီကိုလိုက်ကြည့်ကာဟောဝူလင်းဘာလုပ်ချင်နေတယ်ဆိုတာကိုခန့်မှန်းဖို့ကြိုးစားနေလိုက်တယ်။

လမ်းမပေါ်မှာလူသူကင်းမဲ့နေတယ်။မိုးစက်တွေကျလာချိန်မှာအဖြူရောင်အမှုန်လေးတွေပေါ်လာပြီးလမ်းနှစ်ဘက်လုံးမှာရှိတဲ့တံခါးတွေကပိတ်ထားကာအထဲမှာလည်းမှောင်မိုက်နေတယ်။အဝေးမှာရှိနေတဲ့‌ဆိုင်တစ်ဆိုင်ကပဲမီးဖွင့်ထားတယ်။လေထဲမှာလွင့်နေတဲ့စတိုးဆိုင်ဆိုင်းဘုတ်အောက်မှာမီးအိမ်ကိုချိတ်ဆွဲထားတယ်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now