Bloody Love part- 34🖤

Start from the beginning
                                    

"သခင်မ....သခင်...."

အိမ်စေမလေးက အလောတကြီးပြေးလာကာ မင်းနွယ်နဲ့ ကလျာကို ခေါ်လေသည်......

"အိမ်ရှေ့က ဘယ်သူလဲ...."

"သခင်မတို့ရဲ့ အဖေ....ဉီးအံ့ဘုန်းမာန်ပါ....."

အံ့ဘုန်းမာန်ဆိုသည့် နာမည်ကို ကြားတာ​နှင့် အမွှာနှစ်ယောက်ရဲ့ မျက်နှာဟာ လုံးဝပြောင်းလဲသွားသည်.....

"ဘာတဲ့လဲ..... "

"သခင်တို့နဲ့ လာတွေ့တာပါတဲ့....."

အလိုလို မျက်မှောင်ကျုံ့မိသည်.....

ဉီးအံ့ဘုန်းမာန်ဟာ မလိုအပ်ဘဲနဲ့ သူတို့အိမ်ကိုလာမည်မဟုတ်ပါ.....

တစ်ခုခု အကြောင်းရှိမှသာ လာလေ့ရှိသည်....

တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ပြီး သွားဖို့လို့ကို သဘောတူလိုက်သည်.....

..........
.................

လူကြီးလူကောင်းတစ်ယောက်၏ လက္ခဏာနှင့်​ ပြည့်စုံသော လူတစ်ယောက်ဟာ မဟူရာစံအိမ်အတွင်း လိုက်လံကြည့်ရှုနေပြီး တစ်ယောက်ယောက်ကို စောင့်နေသရောင်......

"ရောက်လာပြီလား..... မနက်စောစော နှောက်ရှက်မိလို့ ဆောရီး!... "

အမွှာတွေကတော့ ဘာမှပြန်မပြော ဆိုဖာပေါ်မှာ ဝင်ထိုင်လိုက်သည်.....

စပြောလာတဲ့စကားကို $ချိုးတစ်စက်မှမပြေ အဖေဆိုသော ဂုဏ်ကြောင့်သာ သည်းခံနေတာ.....

အမှန်တိုင်းပြောရရင် အဖေတစ်ယောက်ရဲ့ လက္ခဏာနှင့်​ လုံးဝမအပ်ဆက်ဘူး....

"ဘာကိစ္စလဲ....

"ခေါင်းက ဘယ်လိုဖြစ်တာလဲ...."

မင်းနွယ်၏ ခေါင်းက ပတ်တီးဖြူဖြူကိုကြည့်ပြီး ဉီးအံ့ဘုန်းမာန်က မေးသည်....

စိတ်ပူလို့မေးသည့်အမေးမဟုတ်ဘဲ တာဝန်အရသာ မေးသည့်ပုံစံ....

"အဲ့တာအရေးမကြီးဘူး လာရင်းကိုပြော...."

မင်းနွယ်၏ တုံးတိစကားကို ကြားတော့ ဉီးအံ့ဘုန်းမာန်က နှာတစ်ချက်မှုတ်ပြီး ပြောသည်.....

"အဖေကို အဲ့လိုဆက်ဆံသလား...."

"အဖေကရော အဖေလိုနေလား...."

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now