Ch 4 - အထင်လွဲနေခဲ့တာလား

Start from the beginning
                                    

သူတို့နှစ်ယောက်ကြားမှာသွေးစာချုပ်ကဘာလို့ရှိနေသေးတာလဲ?

ဒီနာကျင်မှုကဘယ်ကလာလဲသူသိတယ်။သွေးစာချုပ်ရဲ့အကျိုးသက်ရောက်မှုကြောင့်ဖြစ်တယ်။အရင်ကမ္ဘာတစ်ခုမှာသူ့‌ရှေ့ကလူနဲ့သွေးစာချုပ်ချုပ်ဖို့ဖိအားပေးခံခဲ့ရတယ်။အကယ်၍ထိုလူရဲ့သွေးကိုပုံမှန်မသောက်ရရင်သူ့စိတ်တွေလွတ်သွားတဲ့အထိနာကျင်ရလိမ့်မယ်။သူ့ကိုကယ်နိုင်မဲ့တစ်ခုတည်းသောသွေးကိုသေမတတ်သောက်ချင်နေလိမ့်မယ်။

ဟယ်ရီနော့စ်....

တကယ်တော့အဲ့ဒီ့လင်းနို့ကိုမြင်လိုက်ထဲကဘယ်သူလာနေမှန်းသိလိုက်ပြီးသားပါ။

ဟယ်ရီနော့စ် ကကျိနင်းရဲ့ပထမဆုံးကမ္ဘာကတော်ဝင်မင်းသားတစ်ပါးပါ။သူလင်းနို့ပုံပြောင်းသွားတာကိုခဏခဏမြင်ဖူးခဲ့တယ်။ဟောဝူလင်းကရုတ်တရက်ပေါ်လာ‌တာကြောင့် ဟယ်ရီနော့စ် လည်းပေါ်လာနိုင်တယ်ဆိုတာသံသယဝင်ခဲ့တယ်။

နောက်ထပ်ဇာတ်လိုက်တစ်ယောက်ဘာလို့ရောက်လာလဲစဉ်းစားဖို့နောက်ကျလွန်းနေပြီ။ဒီတစ်ခါမှာတော့ကျိနင်းရဲ့သရုပ်ဆောင်မှုကပြစ်ချက်မရှိဘူး။အတိတ်မေ့နေပြီး ဟယ်ရီနော့စ် ကိုမသိသလိုဟန်ဆောင်နေလိုက်တယ်။

သူအဲ့လိုလုပ်ရတဲ့အကြောင်းကအဲ့ဒီ့ကမ္ဘာမှာသူနဲ့ ဟယ်ရီနော့စ် ရဲ့ဆက်ဆံရေးကရှုပ်ထွေးတယ်။ကျိနင်းသရုပ်ဆောင်ခဲ့တဲ့ vampire hunter character က vampireတွေအကုန်လုံးကိုစက်ဆုပ်တယ်။နောက်ပိုင်းမှာ အဖမ်းခံလိုက်ရပြီး ဟယ်ရီနော့စ် စီမှာအသတ်ခံလိုက်ရတယ်။နောက်ဆုံးအချိန်ထိမုန်းနေရင်းပေါ့။

အဲ့လို ကာရိုက်တာမျိုးကိုဆက်သရုပ်ဆောင်နေတာက အဓိပ္ပာယ်မရှိဘဲ ဒုက္ခများတယ်။ အဲ့ဒါကြောင့်ဆက်သရုပ်မ‌ေဆာင်ဖို့ကျိနင်းဆုံးဖြတ်လိုက်တယ်။

အဲ့ဒီ့အပြင် ဟယ်ရီ‌နော့စ် ကိုမေ့ချင်ယောင်ဆောင်တာကတခြားအကျိုးကျေးဇူးတွေလည်းရှိသေးတယ်။ vampire ကမ္ဘာမှာ ပြန်လည်ဝင်စားခြင်းကိုယုံကြည်ကြတယ်။ ဟယ်ရီနော့စ် ကကျိနင်းသူ့လက်ထဲမှာသေသွားတာကိုစောင့်ကြည့်နေခဲ့တာမို့မမှတ်မိချင်ယောင်ဆောင်လိုက်ရင်ပြန်လည်ဝင်စားလာတယ်ဆိုပြီးယုံသွားလိမ့်မယ်။ ဟယ်ရီနော့စ် ကသူ့အပေါ်မှာနက်ရှိုင်းတဲ့အပြစ်ရှိစိတ်တွေခိုအောင်းနေတာမို့အန္တရာယ်ပေးမှာမဟုတ်တာသိနေတယ်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now