အပိုင်း-၄

ابدأ من البداية
                                    

"စာပြန်"

သည်လိုနဲ့ Seokmin ပို့ထားတဲ့စာတွေကို တစ်ခုချင်းဖတ်ရင်း နားမလည်နိုင်ဖြစ်သွားရသည်။ Jisoo ရဲ့ Stage name တွေကော၊ လမ်းဖောက်ပေးတာတွေကော၊ သူတစ်ခုမှလိုက်မမီပါ။ ထို့ကြောင့် အတန်းထဲရောက်မှသာ တိတ်တိတ်ကလေးမေးအုံးမည်ဟု တေးကာ ဖုန်းပိတ်ပြီး ခေါက်ဆွဲပြုတ်ယူကာ အိမ်ရှေ့ဝန်ရံတာမှာ စားဖို့ပြင်သည်။ ‌Jeonghan အမေကတော့ စောစော‌နိုးနှင့်နေသည့်သားဖြစ်သူကို အံ့ဩသလိုကြည့်ကာ မနက်စာ ကောင်းကောင်းစားနော် လို့ပြောသည်။ Jeonghan အမေဖြစ်သူကို ပြုံးပြကာ တစ်ဖက်ဘေးအိမ်ကို ငေးကြည့်နေမိသည်။ သို့သော် သူမျှော်နေသူကိုတော့ မတွေ့မိပေ။ နာရီကြည့်တော့ Cheol အတန်းတက်ဖို့ နီးနေပြီဖြစ်တာကြောင့် ခေါက်ဆွဲပူပူကိုမမှုတ်နေတော့ဘဲ ခပ်သွက်သွက် သွတ်ထိုးလိုက်သည်။ ထို့နောက် ကျောင်းအင်္ကျီလဲပြီး Cheol ကို အခန်းဝန်ရံတာထဲကနေခေါ်လိုက်သည်။

"Seungcheol ရား"

Cheol ရဲ့ ဝန်ရံတာတံခါးက ပွင့်ထားတာကြောင့် Cheol ကိုရှာတော့ မတွေ့ချေ။ ကျောင်းနောက်ကျမှာ စိုးလို့ မစောင့်ဘဲသွားပြီလား ဟုတွေးမိတော့ ဝမ်းနည်းသလိုလိုဖြစ်မိသည်။ သို့သော် ဘယ်လောက်မှမကြာ၊ Cheol က ဖုန်းပြောရင်းဝင်လာသည်။ သူငေးကြည့်နေပေမဲ့ Cheol သူ့ကိုမတွေ့သေး။ မျက်မှောင်ကြုံ့ထားတာကြောင့် စိတ်ဆိုးနေသည်ဟု ကောက်ချက်ချမိသည်။ မည်သူနှင့် ဖုန်းပြောနေလို့ သည်‌လောက်စိတ်ဆိုးနေရတာလဲ Jeonghan သိချင်ပေမဲ့၊ သည်တိုင်းလေးသာငေးကြည့်မိသည်။ နောက်တော့ဖုန်းချသွားသည်။ ထိုအခါကျမှ Jeonghan ကိုမြင်သွားကာ ကြုံ့ထားသည့်မျက်မှောင်လေးတွေက တစ်ရစ်ချင်း ပြေကျသွားသည်။

"Jeonghan nrr ပြီးနေပြီပဲ၊ သွားကြမလား"

"အင်း"

Jeonghan အိမ်အပြင်ထွက်တော့ Cheol ကပြုံးပြပြီး ပုခုံးကိုဖက်လာသည်။

"ဘာစားပြီးပြီလဲ"

Cheol ရဲ့လေသံက နွေးထွေးသည်ဟု သူထင်မှတ်မိသည်။

"Shin Ramen စားထားတယ်"

"Bungeo Ppang (ငါးပေါင်မုန့်) စားမလား၊ ဝယ်ကျွေးမယ်"

"ဝယ်ကျွေးရင်တော့ ငြင်းစရာလား"

Cheol ကရယ်သည်။ Bungeo Ppang ဆိုင်ရောက်တော့ Jun နဲ့တွေ့သည်။ Cheol နဲ့ Jeonghan ကို တူတူတွေ့လိုက်ရတာကြောင့် Jun တစ်ယောက် အံ့ဩနေမိသည်။ Cheol က အပေါင်းအသင်းနဲ့ပတ်သတ်လျှင် လူရွေးသည်။ Cheol နဲ့ပေါင်းလို့ရတဲ့သူက Jun တို့အဖွဲ့သာရှိသည်။ သို့သော် Jeonghan နဲ့တော့ ထူးခြားစွာပင် လက်ပွန်းတတီးဖြစ်နေလေသည်။

"DANCIN' On to Your Heartbeat"حيث تعيش القصص. اكتشف الآن