Ch3 - "......ကျိနင်း"

Start from the beginning
                                    

ဒါပေမဲ့လည်းတကယ်ကြီးအတော်နာနေတုန်းပဲ.....

လက်‌မောင်းကိုကိုင်ထားတဲ့ကျိနင်းလက်တွေနည်းနည်းတင်းကြပ်သွားတယ်။ခုနငလျင်အကြောင်းပြန်တွေးမိတော့စိတ်တွေလေးလံလာတယ်။

မူရင်းဝတ္ထုထဲမှာဘာငလျင်မှမရှိဘူး။မူရင်းထဲမှာကုချန်ကဘာအခက်အခဲမှမရှိဘဲအောင်အောင်မြင်မြင်ရိုက်ကူးပြီးစီးသွားတယ်။အဲ့ဒါကြောင့်ငလျင်ကဟောဝူလင်းပေါ်လာတာကြောင့်များလားလို့သံသယဝင်မိတယ်။

ကံကောင်းစွာနဲ့အချိန်မှီတုံ့ပြန်နိုင်လိုက်ပြီးကုချန်ကိုတွန်းထုတ်နိုင်လိုက်တယ်။ထိခိုက်သွားပေမဲ့ 'တခြားသူ‌ေတွကိုကယ်တင်ဖို့ကိုယ့်အသက်ကိုပေးဆပ်ခြင်း' ဆိုတဲ့အခြေအနေထဲကိုသူ့ကိုယ်သူတွန်းပို့နိုင်လိုက်တာကြောင့်ကုချန်ရဲ့သူ့အပေါ်နှစ်သက်မှုတွေကကျိန်းသေပေါက်တိုးလာမှာပဲ။

ကုချန်ကိုကယ်လိုက်တာကကာရိုက်တာကိုချိုးဖောက်မိမှာစိတ်မပူပါဘူး။မူရင်းဝတ္ထုထဲမှာသခင်လေးကျိနင်းကမာနကြီးပေမဲ့တစ်ယောက်ယောက်ကိုသေတဲ့အထိပစ်ထားရလောက်အောင်မဆိုးရွားပါဘူး။

"တကယ်ပဲရှမိရုံလေးလား"

ကျိနင်းရဲ့ပြောပြချက်ကိုကြားပြီးတဲ့နောက်သရုပ်ဆောင်‌တွေကဖြူဖျော့နေတဲ့မျက်နှာနဲ့သွေးတွေရွဲနေတဲ့သူ့ကိုယ်ကိုကြည့်နေကြတယ်။ဒဏ်ရာ‌တွေကမဆိုးရွားဘူးဆိုတာယုံကြည်ဖို့ခက်တယ်။ဒါပေမဲ့သူ့ရဲ့ထူးခြားမှုမပြတဲ့မျက်နှာကလည်းဟန်ဆောင်နေပုံမပေါ်ဘူး။

"အခုတော့ဒီလောက်ပဲ ဒါမဲ့ဒီမှာကြာကြာဆက်နေရင်တော့ဆိုးလာလိမ့်မယ်"

ကျိနင်းကသူတို့ကိုကြည့်လိုက်ပြီးအေးစက်စက်ပြောလာတယ်။"ဒဏ်ရာကိုကုဖို့အဖွဲ့သားတွေစီသွားတော့မယ် အန္တရာယ်များတဲ့ဒီနေရာမှာနေချင်လည်းဆက်နေကြ ငါတော့အတူမနေနိုင်ဘူး"

သူကသူ့ရဲ့ဒဏ်ရာမရထားတဲ့လက်ကိုမြှောက်လိုက်ပြီးကုချန်ကိုပုတ်လိုက်တယ်။အေး‌အေးဆေးဆေးပဲပြောလိုက်တယ် "ငါ့ကိုပြန်ပို့ပေးဦး "

ကုချန်ကနာခံစွာပဲခေါင်းငြိမ့်ပြီးရုပ်ရှင်အဖွဲ့သားတွေစီကျိနင်းကိုကူတွဲပေးလိုက်တယ်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now