Bloody Love part- 28🚨

Start from the beginning
                                    

"အမလေး....ငါ့ရဲ့  ကလေးလေးတွေကတော့ကွာ.....ဖိုးနွယ်က မင်းတို့ကို မဆူပါဘူးကွာ....."

ထိုသို့ပြော၍ နှစ်ယောက်လုံးရဲ့ ပါးလေးတွေကို မွှေးကြူလိုက်သည်.....

"ဖိုးနွယ် သမီးပြောစရာရှိတယ်....."

တခြားသူတွေနဲ့ဆို ယောက်ျားလေး အသုံးအနှုန်းတွေကို သုံးပေမယ့် ဖိုးနွယ်နဲ့ဆို မိန်းကလေး အသုံးအနှုန်းတွေကိုသာ အသုံးပြုသည်.......

"ဘာများလဲ ကလေးရဲ့....."

ကလျာက ထူးထောက်နေရာက ထသွားကာ နောင်နောင့်ကို သွားခေါ်ပြီး လက်တွဲကာ ခေါ်လာခဲ့သည်.......

ဖိုးနွယ် သည်ကောင်လေးကိုကြည့်ပြီး အနည်းငယ် မျက်မှောင်ကျုံ့မိသည်.....

ကလေးနှစ်ယောက်က သူ့ရှေ့တစ်ဖန်ဒူးထောက်ကာ ကလျာက ဖိုးနွယ်ရဲ့ လက်ကိုကိုင်ပြီး စကားဆိုသည်.....

"ဖိုးနွယ် သမီး အဲ့ဒီကောင်လေးကို ပြစ်မှားမိသွားပြီ...ဒါ့အပြင် သူကOmegaဆိုတော့ .....သမီးဘာကို ဆိုလိုချင်မှန်း ဖိုးနွယ်သိမှာပါ..... သမီးလည်း သူ့ကို သဘောကြတယ်....."

အလိုတော်......

ဒါဟာ အံ့ကလျာနွယ်ဆိုလျင် မည်သူယုံမလဲ....

ဖိုးနွယ်ကို တောင်းဆိုသည့်​ အသံဖြင့် ပြောသည်...

ထိုကောင်လေးကို ကြည့်မိတော့ အတော်လှသည်.....

ဒါပေမယ့် သူဟာ ဗီဇပျောက်Omega သူ(ဖိုးနွယ်)၏ မြေးငယ်လေးကတော့ True Blood Alpha.....

အို.....ဘယ်လိုဘဲဖြစ်ဖြစ် ကလျာအား ပြောင်းလဲစေသည့် လူသားကို သူဘောမတူစရာ အကြောင်းမရှိ.....

ထိုကောင်လေး၏ အကြောင်းကိုလဲ စုံစမ်းရမည်..... သဘောတူတယ် ဆိုသော်လည်း သူ၏မိသားစုက လက်ခံမှ ဖြစ်မည်လေ.....

"ဖိုးနွယ်ရဲ့ ရတနာလေးပျော်ရင်ကို ဖိုးနွယ်က ကျေနပ်နေပြီးသား.....ဒါကြောင့် သဘောမတူစရာလား ကလေးရဲ့...... "

ထိုသို့ပြောလိုက်တော့ ကလျာတစ်ယောက် ထခုန်မတက်ပင် ဖြစ်သွားသည်.....

နောင်နောင်အား တင်းနေအောင် ဖက်ပြီး ပါးကလဲ တစ်ရွှတ်ရွှတ်နမ်းကာ အပျော်တွေ လွန်းနေသည်......

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now