Bloody Love part- 24🖤

Start from the beginning
                                    

ယခုချိန်ထိ စကားကို ကောင်းကောင်းမွန်မွန်ပြောရသေးတာမှ မဟုတ်တာ.....

"ရှိုင်းရင့်နောင်ပါ......အနုပညာမေဂျာက ဒုတိယနှစ်.....အသက်က19ပါ......"

ကလျာတစ်ချက်ပြုံးလိုက်သည်.....

ဖူးငယ်ထက် အသက်ကြီးသော်လည်း ခန္ဓာကိုယ်ဟာ ဖူးငယ်ထက် သေးသည်.....

အရပ်ဆိုရင် ဖူးငယ်က သာ​မည်ထင်.....

"မိသားစုတွေကရော......"

မိသားစုအကြောင်း မေးလိုက်တော့ မျက်နှာလေးဟာ သိသိသာသာကို ညိုးကြသွားသည်.....

"ဖေဖေနဲ့မေမေက နောင် ငယ်ငယ်ထဲက အက်စီးဒင့်နဲ့ ဆုံးသွားပြီဗျ..... အခုတော့ ဒေါ်လေးနဲ့ အတူနေတယ်.....ဒါမဲ့..... "

စကားကိုဆက်မပြောတော့ဘဲ ရပ်သွားကာ မျက်ရည်တွေ တဖန်ပြန်ကျလာပြန်သည်.....

ထို့နောက် မျက်ရည်များဖြင့်သာ ပြန်ဖြေသည်......

"သူ သူက အဟင့်.....ဒီbarမှာ ရောင်းထားတယ်....ဟင့်.....နောင် မနေချင်ဘူး..... ညတိုင်း Alphaတွေက နှောင်ယှက်လို့ နောင် မကြိုက်ဘူး.....ဟင့်......"

ထိုကောင်လေး၏ အဒေါ်ဆိုတဲ့သူကို ကလျာဒေါသထွက်မိသည်က အမှန်။ တူဖြစ်သူဆိုတော့လည်း သူ့သွေးသားမှ မဟုတ်တာ ထိုသို့လုပ်တာဟာ မဆန်းပါဘူး......

ဒါပေမယ့် သူမ၏ ​ကလေးငယ်လေးကတော့ ထိုအရာကို ကြောက်သည့်ပုံပင်။ ​ပြောပြီးသည်နှင့် ရင်ခွင်ထဲမှာ တအီအီနှင့် ကလေးသဖွယ် ရှိုက်ငိုနေတော့သည်......

"မငိုနဲ့တော့ နောင်လေးရယ်......ကိုယ့်ကို ကြည့်....."

သူနဲ့ မျက်နှာချင်းဆိုင်ခိုင်းကာ တည့်တည့်ကြည့်စေလိုက်ပြီး......

"အဲ့လူစီက လွှတ်မြှောက်ချင်လား"

အလျင်အမြန်ပင် ခေါင်းညိမ့်လိုက်သည်.....

"စိတ်မပူနဲ့ အဲ့ကနေ ဆွဲထုတ်ပေးမယ်......"

ထိုသို့ပြော၍ ပါးပြင်ဖွေးဖွေးလေးအား ထပ်မံ နမ်းရှိုက်လိုက်သည်......

"မမ အကြောင်းရော ပြောလေ....ရွှတ်"

မျက်ရည်တွေကို သုတ်ရင်း ပြောလာသည့် ထိုကောင်လေးက အတော်ကို စပ်စုတယ်ဘဲပြောရမယ်။ ငိုတာတောင် မရပ်သေးဘဲ သူ့အကြောင်းကို မေးလာသည်။ သို့ပေမယ့် သူမညိုညင်ပါ......

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now